လွန်ခဲ့တဲ့ တနင်္လာနေ့မနက်မှာ တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ဖြစ်သွားစေမယ့် သတင်းတစ်ပုဒ် လိုင်းပေါ်တက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာမည်ကြီးတိုက်စစ်ကစားသမားကြီးဖြစ်သလို ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အားကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက ဗြိတိန်နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်မော်ဂန်နဲ့အတူအင်တာဗျူးတစ်ခု လုပ်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ်၊ နည်းပြဟောင်းရန်းဂ်နစ်အပါအဝင် တချိန်ကအသင်းဖော်ဟောင်းဝိန်းရွန်းနီကိုပါ ဝေဖန်ခဲ့တယ်ဆိုတဲ့ topicက ဘောလုံးလောကတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားပြီး အဆိုပါအင်တာဗျူးက အစစ်အမှန်ပဲလား၊ မန်ယူနဲ့ စီရော်နယ်ဒိုခွာပြဲသွားပြီလားစသဖြင့် နောက်ဆက်တွဲ မေးခွန်းပေါင်းများစွာထွက်လာခဲ့ပါတယ်။ အခုဆိုရင်တော့ အဆိုပါအင်တာဗျူးရဲ့ ရုပ်သံဗီဒီယိုအပြည့်အစုံထွက်ရှိလာပါပြီ။