ဇာတ်လမ်းက ဝေလငါးဖမ်းသမားတွေကြားပဲ တည်ထားတယ်။ ဝေလငါးဖမ်းသမားတွေကြုံရတတ်တဲ့ အကြီးဆုံးဝေလငါး။ အဖြူရောင်ဝေလငါးကြီးရှိတယ်။ သူ့နာမည်က မိုဗီဒစ်။ ဒီဝေလငါးကြောင့် စုတ်ပြတ်သတ်ခဲ့ပြီး ဒီဝေလငါးကို အငြိုးကြီးနေတဲ့ကပ္ပတိန်အာဟတ်ဆိုတဲ့ လူသားတစ်ယောက်ရှိတယ်။ နတ်ဘုရားတစ်ပါးလိုဖြစ်နေတဲ့ ဝေလငါးနဲ့ လူသားကြားက တိုက်ပွဲ။ လူသားရဲ့တစ်ဖက်သတ် အာဃာတတစ်ခု။ ဝေလငါးကို ဖမ်းဖို့ ထွက်ခဲ့တဲ့ခရီးစဉ်မှာကြုံရတဲ့ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ဒါတွေနဲ့ ဒီဇာတ်ကို တည်ဆောက်ထားတယ် မိုဗီဒစ်ရုပ်ရှင်က Metaphorတွေကြောင့် အတွေးပွားချင်တဲ့ ပရိသတ်မျိုးတွေနဲ့လည်းကိုက်သလို စွန့်စားခန်းဇာတ်လမ်းလို ဖြစ်နေတာကြောင့်လည်း ပေါ့ပေါ့ပါးပါးကြည့်ချင်တဲ့လူတွေနဲ့လည်းကိုက်တဲ့ ၂ဘက်စလုံးသွားနေတဲ့ ဇာတ်လမ်းမျိုးဆိုတော့ ဘယ်သူပဲကြည့်ကြည့် ကြည့်လို့အဆင်ပြေပါလိမ့်မယ်။