မိုင်ယာမီ မှုခင်းလောကရဲ့ နာမည်ကြီး အာဗီဟက်ဒက်ရှ်ဟာ ပါဘလိုအက်စကိုရဲ့ဒေါ်လာသန်း၂၀၀ကို ကိုလံဘီယာတောနက်ထဲမှာဝှက်ထားတဲ့ မြေပုံကိုရရှိသွားပြီးသူဟာအဲ့ဒီသန်း၂၀၀ကို အရယူဖို့သူ့ရဲ့ရှေ့နေ ဆန်တီနဲ့အတူကိုလံဘီယာနိုင်ငံကိုရောက်လာပါတော့တယ်။ ကိုလံဘီယာကိုရောက်တော့ဗိုလ်မှူးတွေ၊ဂိုဏ်းတွေကို ပိုက်ဆံပေးပြီး သူ့ကိုကိုလံဘီယာမှာတရားဝင်လုပ်ငန်းလုပ်ကိုင်နေသလိုသတ်မှတ်ခိုင်းထားပြီ သူ့ရဲ့အတိတ်ကသွေးသောက်ညီအကို တွေဖြစ်တဲ့ ဇစ်၊ အီမေးလ်၊တခြားအဖွဲ့သားတွေနဲ့ သန်း၂၀၀ကိုအရယူဖို့ကိုလံဘီယာတောနက်ထဲကိုစွ့န်စားခန်းခရီးထွက်လာပါတော့တယ်။ဒါပေမယ့်ခရီးလမ်းမှာ ပြိုင်ဖက်ဂိုဏ်းတွေ၊စစ်တပ်အရာရှိတွေရဲ့ခြိမ်းခြောက်မှုတွေ၊အဖွဲ့သားတွေရဲ့ကြားကသစ္စာဖောက်မှုတွေ၊ငွေတွေကိုစောင့်ရှောက်နေကြတဲ့တောနက်ထဲကရွာသားတွေကြောင့်ဒီသန်း၂၀၀ကိုရရှိသွားမလား သူတို့ဘဝတွေကကောဘယ်လိုအဆုံးသတ်ကုန်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဗျာ။