Tom and Jerry Snowman's Land FHD

Tom and Jerry Snowman's Land

Comedy Family Adventure Animation FHD 2022-09-06 8.875 76 Min

ဂွတ်ဘယ်ရီမြို့ငယ်လေးမှာ ဒဏ္ဍာရီတွေ ပုံပြင်တွေနဲ့ပြည့်နှက်နေတဲ့ ဖလစ်စစ်တီတောင်ဆိုတာ ရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဖလစ်စစ်တီတောင်ထိပ်မှာရှိတဲ့ နှင်းတွေဟာ မှော်အစွမ်းရှိပြီး နှင်းလူကမ္ဘာဆိုတဲ့ မှော်ဝင်ရွာလေးလည်းရှိပါသတဲ့။ တစ်ဖက်မှာတော့ ဒဘယ်ဗေးရဲ့အရုပ်ဆိုင်ကတွမ်နဲ့ မစ္စလာပေ့ခ်ျရဲ့အရုပ်ဆိုင်ကဂျယ်ရီကတော့ ကြောင်နဲ့ကြွက်ပီပီ နေ့တိုင်းသတ်ပုတ်ရင်းပေါ့။ ခေတ်မှီအရုပ်တွေရောင်းနေတဲ့ ဒဘယ်ဗေးရဲ့ဆိုင်ကြီးကို သာမန်အရုပ်လေးတွေနဲ့ မစ္စလာပေ့ခ်ျက မယှဉ်နိုင်တော့ အရှုံးပေါ်မယ့်အဖြစ်ကိုဆိုက်နေတာပေါ့။ တွမ်နဲ့ဂျယ်ရီဆိုရင်တော့ အမွှေစိန်လေးတက်ဖီကတော့ အမြဲမပါမဖြစ်ပါဘဲ။ ဒီကားလေးထဲမှာတော့ တက်ဖီက မှော်ဆရာရူး မျက်လှည့်ရူးလေးပေမဲ့ လုပ်သမျှမအောင်မြင်တဲ့ငမွှေလေးပေါ့။ ဒီလိုသူတို့တွေရဲ့ဘဝထဲကို လာရီဆိုတဲ့ မှော်နှင်းကြွက်ကလေး ရောက်လာချိန်မှာတော့ ဘာတွေဘယ်လို ပြောင်းလဲသွားမလဲ။