In Your Dreams FHD

In Your Dreams

Comedy Family Fantasy Adventure Animation FHD 2025-11-07 7.091 91 Min

ဒီတစ်ခေါက်တော့ 2025 မှာ အသစ်ထွက်ရှိထားတဲ့ Netflix ရဲ့ Animation ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်...မိုက်ကယ်၊ ဂျိူအန်တိုလင်မယားမှာ စတီဗီဆိုတဲ့ သမီးလေးနဲ့ အဲလိယက်ဆိုတဲ့သားလေးရှိပါတယ်...ပျော်ရွှင်ချမ်းမြေ့ကြတဲ့ မိသားစုလေးတစ်ခုပေါ့...ဒါပေမဲ့ သမီးကြီးဖြစ်တဲ့ စတီဗီက မောင်လေးဖြစ်သူ ဘဝထဲဝင်လာတော့မှ အိမ်မှာပြဿနာတွေပိုများလာသလို ခံစားရပြီး မိဘတွေ မကြာခဏစကားများနေတာကြောင့် မိသားစုဘဝအဆင်မပြေဖြစ်မှာကို တွေးကြောက်နေသူလေးပါ...အဲဒီလိုနဲ့ တစ်နေ့ မောင်လေးဖြစ်သူကို စာတမ်းရေးဖို Reference book ကူရှာပေးရင်းတစ်ပတ်ရစ်ဆိုင်ရဲ့ မြေအောက်ခန်းထဲမှာရှိနေတဲ့ "သဲလူသား၏ဒဏ္ဍာရီ" ဆိုတဲ့စာအုပ်လေးကို သွားတွေ့ပါတော့တယ်...စာအုပ်ထဲမှာ ရွတ်ဖတ်စရာဂါထာလေးနဲ့အတူ သဲလူသားက အိပ်မက်တွေကို အမှန်တကယ်ဖြစ်အောင် ဖန်တီးပေးနိုင်တယ်လိုရေးသားထားတာကိုပါ တွေ့လိုက်ရပါတယ်...မယုံကြည်ခဲ့ပေမဲ့ မောင်နှမနှစ်ယောက် အဲဒီဂါထာကို အတူတူရွတ်ဖတ်မိပြီးနောက် အဲဒီညမှာ အိပ်မက်တစ်ခုတည်းကို မက်ပါတော့တယ်...ဖြစ်ချင်တော့ သဲလူသားက အစစ်အမှန်ဖြစ်ပြီး အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာအောင် လုပ်ပေးနိုင်တယ်ဆိုတာ အိပ်မက်ကနေတစ်ဆင့် သိလိုက်ရပါတယ်...ဒါပေမဲ့ သဲလူသားနဲ့တွေ့ပြီး တောင်းဆိုဖိုအတွက် နိုက်မာရာဆိုတဲ့ အိပ်မက်ဆိုးဖန်တီးသူရဲ့ အိပ်မက်ဆိုးတွေကို အရင်အောင်မြင်အောင် ကျော်ဖြတ်ရမှာဖြစ်ပါတယ်...အိပ်မက်ကနေ လန့်နိုးလာတာနဲ့အစကို ပြန်ရောက်သွားပြီး နောက်တစ်ခါထပ်မံအိပ်စက်ရပါတယ်...မိဘတွေရဲ့ စကားများသံကိုကြားပြီး အားလုံးကိုအဆင်ပြေစေချင်နေတဲ့ အီဗီတစ်ယောက် သဲလူသားဆီရောက်အောင်သွားပြီး လိုရာဆုတောင်းဖို စိတ်ပိုင်းဖြတ်ထားပေမဲ့စိတ်ချင်းဆက်သွားတဲ့ မောင်လေးဖြစ်သူနဲ့ အိပ်မက်အတူမက်နေရတာကြောင့် အကြံအိုက်နေရပါတယ်...အဲဒီလို အီဗီတစ်ယောက် မောင်လေးဖြစ်သူနဲ့အတူ အိပ်မက်ဆိုးတွေကိုကျော်ဖြတ်ရင်း သဲလူသားနဲ့ တွေ့နိုင်မလားတွေ့ရင်ရော တကယ်တမ်း သူ့အိပ်မက်တွေက ဖြစ်မြောက်လာပါ့မလားဆိုတာကို ဇာတ်ဝင်ခန်းသီချင်းမြူးလေးတွေနဲ့ပါ ခံစားရမှာဖြစ်ပါတယ်...