The Family FHD

The Family

Drama Horror FHD 2021-10-08 6.4 105 Min

ဆယ့်ကိုးရာစုပတ်လည်မှာပေါ့။ တောအုပ်တွေဝိုင်းထားတဲ့ လယ်ယာမြေလေးတစ်‌ကွက်မှာ မိသားစုတစ်စု ရှိတယ်။ အဖေဖြစ်သူက ဘာသာရေးစွဲကြီးတဲ့အပြင် အရာရာမှာ နိုင်လိုမင်းထက် ပြုချင်တဲ့ ဗီဇကလည်း ရှိပါ‌သေးတယ်။ ဒီလိုပြောလို့ အမေဖြစ်သူကတော့ ကောင်းလိမ့်မယ် မထင်လိုက်ပါနဲ့ သူလည်း ထူးမခြားနားပါပဲ။ ဒီလိုနဲ့ တစ်နေ့မှာ ညီအငယ်ဆုံးလေးဖြစ်သူ Elijah အလုပ်လုပ်ရင်းပင်ပန်းမှုဒဏ်တွေကြောင့် လဲကျသွားတဲ့အခါမှာတော့ အဖေလုပ်သူဟာ ယမ်းမီးပုံကျ ဒေါသအိုးကွဲပြီး ညီထွေးကို အပြစ်ပေးတဲ့အနေနဲ့ တောအုပ်ထဲကို ခေါ်သွားကာ ချန်ရစ်ခဲ့ပါတော့တယ်။ နောက်တော့ အိမ်ထောင်ဦးစီးဖြစ်သူ အဖေကြီးက အဖဘုရားသခင်အလိုတော်အရဆိုပြီး မိသားစုထဲ ချွေးမလေးတစ်ယောက်ကိုခေါ်လာခဲ့ပြန်ပါတယ်။ တောကြီးမျက်မည်းထဲ ဆိုင်းမဆင့်ဗုံမဆင့် ရောက်ချလာတဲ့ အဆိုပါသတို့သမီးလောင်းနဲ့ အကြီးဆုံးသား Calebတို့ကြားက ဆက်ဆံရေးဟာ ဘယ်လိုဘယ်ပုံ ခရီးသွားကြမလဲ။ တစ်စထက်တစ်စ သိနားလည်တဲ့ အရွယ်ကို ရောက်လာတော့ အဖေဖြစ်သူရဲ့ အဆုံးအမတွေ ရှေ့နောက်မညီမှန်းကို သတိထားမိစပြုလာတဲ့ Calebကရောပုံစံခွက်ထဲကနေ ဖောက်ထွက်ရဲမှာလား။