ချစ်ခြင်းတရားနဲ့ အနစ်နာခံမှုတွေကြားက နှောင်ဖွဲခြင်းတွေနောက်မှာ ပါလာတတ်တဲ့ အပူအပင်နဲ့ ဒုက္ခသုခတွေအချိုးညီညီပေါင်းစပ်ထားတဲ့ ပန်ချာပီဒရာမာဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ပညာတတ်တစ်ယောက် မထင်မှတ်ထားတဲ့ အမှားကြီးတစ်ခု ကျူးလွန်မိပြီး ထောင်ကျနေရာကသူမရဲ့အပြုအမူကောင်းတွေကြောင့် လွတ်ငြိမ်းခွင့်ရပြီး ထောင်မှူးက သူ့ဘ၀ဇာတ်ကြောင်းကိုမေးမြန်းကြည့်မိတဲ့အခါ...။ပါမောက္ခတစ်ယောက်ကို ချစ်မိသွားခဲ့တဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ။ခေါင်းမာပြီး တင်းကျပ်တဲ့ မိသားစုအသိုင်းအဝိုင်းကြောင့် သူ့အချစ်လမ်းခရီးက ထင်သလောက် မဖြောင့်ဖြူးဘဲ ကြုံတွေ့လာရတဲ့ ဒုက္ခသုခတွေကို ခံစားကြည့်ရှုကြရမှာပါ။