ဒီတစ်ခါမှာတော့ ကြာသပတေးနေ့တစ်နေ့အကြောင်းကို ရိုက်ကူးထားတဲ့ A Thursday ဆိုတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် Nina Jaiswal က Rohit Mirchandandi နဲ့ စေ့စပ်ထားပြီး Rohit ပိုင်တဲ့ အိမ်မှာ ကလေးထိန်းကျောင်းတစ်ခုဖွင့်ထားတဲ့ အမျိုးသမီးတစ်ယောက်ပါ ကလေးတွေရဲ့ ချစ်ခင်မှုကိုရော မိဘတွေရဲ့ ယုံကြည်လေးစားမှုကိုပါ ရရှိထားတဲ့ ဆရာမ တစ်ယောက်ဖြစ်ပါတယ် နေမကောင်းလို့ ၃ ပတ်လောက် အနားယူနေရာကနေ ကြာသပတေးနေ့တစ်နေ့ရဲ့ မနက်ခင်းတစ်ခုမှာတော့ Nina ဟာ ကလေးထိန်းကျောင်းကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ် မိဘတွေက ကလေးတွေကို ထားခဲ့ပြီး ကလေးထိန်းကျောင်းက အကူကိုလည်း ခွင့်ပေးလိုက်ပြီးတဲ့နောက် ကလေးထိန်းကျောင်းမှာ Nina နဲ့ ကလေး ၁၆ ယောက်ပဲ ကျန်ခဲ့ပါတော့တယ် ကလေးတွေနဲ့ပဲ ကျန်တော့တဲ့ အချိန်မှာ Nina က Colaba ရဲစခန်းကို ဖုန်းဆက်ပြီး ကလေး ၁၆ ယောက်ကို ဓာစားခံအနေနဲ့ ဖမ်းထားပြီးရဲအရာရှိ Javedd Khan နဲ့ စကားပြောချင်တဲ့အကြောင်း ပြောပါတော့တယ် အခင်းဖြစ်တဲ့နေရာကို ကိုယ်ဝန်သည် ရဲအရာရှိ Catherine Alveraz ရောက်လာပြီး သေနတ်နဲ့ အပစ်ခံရပြီးတဲ့နောက်မှာတော့ Javed ကို အရေးပေါ်ခေါ်ရပါတော့တယ်