ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေဟာ စက်ရုပ်တွေကို အစားထိုးသုံးလာခဲ့ကြတယ် နေထိုင်ရာ အဆောက်အဦးတွေကအစ AI အစားထိုးသုံးလာပြီး “လာန” အလုပ်လုပ်နေတဲ့ အဆောက်အဦးလည်း အပါအဝင်ပေါ့ – “လာန” က ကြော်ငြာဌာနရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး AI ဖြစ်တဲ့ “ဒေါ့ပ်” နဲ့ ခင်မင်နေတဲ့ လူသားတစ်ယောက်ပါ – “ဒေါ့ပ်” တစ်ယောက် “လာန” အခက်အခဲတွေနဲ့ ချစ်သူတစ်ယောက်လိုချင်တာတွေကို နားထောင်ဖြေရှင်းပေးရာက အချစ်စိတ်တွေ ပေါက်ဖွားလာပြီး system error တက်လာခဲ့တော့တယ် – “ဒေါ့ပ်”ကို ပြုပြင်ဖို့ ဗဟိုထိန်းချုပ်ဌာနက နည်းပညာရှင် “ပေါ့ပ်”ကို စေလွှတ်ခဲ့ပါတယ် – “လာန” ပါဝင်တဲ့ မှတ်ဥာဏ်တွေကို “ပေါ့ပ်” တစ်ယောက်ဖျက်ဆီးဖို့ကြိုးစားရင်း ရှော့ခ်ဖြစ်ပြီး AI ဖြစ်တဲ့ “ဒေါ့ပ်” ဟာ “ပေါ့ပ်” ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပါတော့တယ်