Shadow Man HD

Shadow Man

Action Thriller Adventure HD 2006-09-05 4.3 95 Min

ရုံးပိတ်ရက်မှာ ခေါင်းရှုပ်ခံပြီး စဉ်းစားစရာမလိုဘဲ "ဘုန်းခနဲ ဒိုင်းခနဲ" ပစ်ခတ်သတ်ဖြတ်ခန်းတွေနဲ့ စိတ်ပြေလက်ပျောက် ကြည့်ချင်တယ်ဆိုရင်တော့ Shadow Man က ရွေးချယ်စရာအကောင်းဆုံး ဇာတ်ကားတစ်ကား ဖြစ်ပါတယ်Steven Seagal ရဲ့ အထာကျကျ လမ်းလျှောက်ပုံ လက်ကောက်ဝတ်တွေကို ချိုးပစ်တဲ့ အိုက်ကီဒို (Aikido) ကွက်တွေကို လွမ်းနေသူတွေအတွက် ဒီကားက လုံးဝ စိတ်ကျေနပ်မှုပေးစွမ်းနိုင်မှာပါCIA အေးဂျင့်ဟောင်းနဲ့ စီးပွားရေးသမားဖြစ်သူ Jack Foster (စတီဗင် ဆီဂဲ) ဟာ ဥရောပခရီးစဉ်အတွင်း သူ့ရဲ့သမီးဖြစ်သူ ရိုမေးနီးယားမှာ ရုတ်တရက်ပြန်ပေးဆွဲခံလိုက်ရပါတယ်ဒီဖြစ်ရပ်နောက်ကွယ်မှာ MK-Ultra လို့ခေါ်တဲ့ အသက်အန္တရာယ်ရှိတဲ့ ဇီဝလက်နက် ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ၊ နှစ်ဖက်ကစားမှုတွေ ရှုပ်ထွေးနေတာကို Jack တစ်ယောက်ဖြေရှင်းရပါတော့တယ် ပြန်ပေးဆွဲခံရတဲ့ သူ့ရဲ့ ၈ နှစ်သမီးလေးကို ကယ်တင်ဖို့အတွက် ရိုမေးနီးယား မြေအောက်လောကတစ်ခုလုံးကို ဇောက်ထိုးလှန်ပစ်မယ့် ပုံစံမျိုးဖြစ်ပြီး "ငါ့သမီးကို ထိရင်မင်းတို့ သေပြီသာမှတ်" ဆိုတဲ့ မျက်နှာပေးနဲ့ ရန်သူတွေကို အပြတ်ရှင်းတာမလဲဆိုတာ