Indera HD

Indera

Horror Thriller HD 2025-08-07 5 104 Min

ဂျိုးဟာ စကားမပြောနိုင်ရှာတဲ့ ဆိုဖီယာအမည်ရှိသမီးတစ်ယောက်နဲ့ရပ်တည်နေတဲ့ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ချစ်ဇနီးကို မီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီကာလမှာဖြစ်ပျက်နေခဲ့တဲ့ နောက်ခံအခြေအနေတွေအရ လုပ်စားရကျပ်တည်းနေသလို ငှားနေတဲ့အိမ်ပေါ်ကလည်းဆင်းပေးလိုက်ရတဲ့နောက်မှာတော့ အိမ်ရှင်အဘိုးကြီးရဲ့လမ်းညွှန်မှုနဲ့ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက အမျိုးသမီးကြီးတစ်ယောက်ရဲ့အိမ်မှာ နေစားငြိမ်းအလုပ်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။အဲ့ဒီအဘွားကြီးဟာ ရွာအစွန်ခြံကျယ်ကြီးတစ်ခုထဲမှာ မွေးစား သားသမီးလေးယောက်နဲ့အတူနေတာဖြစ်ပြီး၊ ရွာသားတွေက သူ့ကိုကြောက်လန့်ပြီး အနားမသီရဲကြပါဘူး။ပြီးတော့ ကလေးတွေကို နာမည်ခေါ်သံကြားရင် မထူးဖို့၊ နောက်ပြန်လှည့်မကြည့်ဖို့၊ ခြံဝင်းထဲကရေတွင်းသဏ္ဍာန်တွင်းကြီးနားကိုမသွားဖို့အစရှိတဲ့ထူးခြားတဲ့စည်းကမ်းတွေလည်းထုတ်ထားပါသေးတယ်။ဂျိုးနဲ့သမီးဖြစ်သူတို့ဟာ အဲ့ဒီခြံကြီးထဲမှာနေရင်း ဆုံးပါးသွားတဲ့ ဇနီး/မိခင်ဖြစ်သူကို ပုံသဏ္ဍာန်အမျိုးမျိုး၊ အခြေအနေမျိုးစုံနဲ့မကြာခဏတွေ့မြင်လာကြရပါတော့တယ်။