ဒီတစ်ခါတော့ Netflix က မလေးရှား Horror-Comedy ကားသစ်လေး Para X Normal နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ငယ်သူငယ်ချင်း ၄ ယောက် နှစ်တွေအကြာကြီး ကွဲကွာနေပြီးမှ ပြန်ဆုံကြတဲ့အကြောင်းပါ။ သူတို့ ပြန်ဆုံရတဲ့ ရည်ရွယ်ချက်ကတော့ "အလုပ်ကြီးတစ်လုပ်" အတူတူလုပ်ဖို့ပါ။ အဲ့ဒါကတော့ သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့ လူမနေတဲ့ ဗီလာအိမ်ကြီးတစ်လုံးကို ဝင်ခိုးဖို့ဖြစ်ပါတယ်။အဲဒီအိမ်မှာ ဝှက်ထားတဲ့ ရွှေတွေ၊ ငွေတွေ ရှိတယ်ဆိုပြီး သတင်းရထားလို့ ဝင်ခိုးကြတာပါ။ ဒါပေမဲ့ တကယ်တမ်း ဝင်ခိုးတဲ့အခါမှာတော့ ကောလာဟလမဟုတ်ဘဲ တကယ်ကြီး သရဲခြောက်နေတဲ့အပြင် သူတို့ရဲ့ ခိုးမယ့်အစီအစဉ်တွေပါလွဲချော်ကုန်တဲ့အခါမှာတော့ကြောက်စရာအိမ်ကြီးထဲကနေ သူတို့ ဘယ်လိုပြန်ပြေးကြမလဲဆိုတာ ရယ်ရမောရ ကြည့်ရမယ့်ကားပါ။