Amazon Prime ကနေပြီး ပြသတဲ့ Causality ဆိုတဲ့ မူဗီလေးတင်ဆက်ပေးပါရစေ။ Causality ကိုမြန်မာမှုပြုရင် “အကြောင်းကြောင့်အကျိုးဖြစ်ခြင်း”လို့အဓိပ္ပာယ်ရပါတယ်။ ကိုယ်ကတစ်စုံတစ်ခုအပြစ်လုပ်ထားမိခဲ့ရင် တစ်ချိန်ချိန်မှာထိုအပြစ်ရဲ့အကျိုးကိုပေးဆပ်ရမှာပါ။ ဘယ်လိုပေးဆပ်ရမလဲဆိုတာကိုတော့မသိပေမယ့် ပြန်လည်ပေးဆပ်ရမှာကတော့ရှောင်လွှဲမရတဲ့ အရာပါ။ လူတစ်ယောက်ကိုစောင့်ရင်း ဆေးခတ်ခံလိုက်ရလို့ Metropolitan ဆေးရုံကိုသတိလစ်ပြီး ရောက်လာတဲ့ Claudiaတစ်ယောက်ဆေးရုံထဲမှာပျောက်ဆုံးသွားခဲ့ရာကအစပြုပြီး၊ Metropolitan ဆေးရုံက အရှုပ်တော်ပုံတွေပေါ်လာခဲ့တဲ့ ဒီဇာတ်ကားလေးမှာရော . ဘယ်သူတွေကဘာအပြစ်တွေ လုပ်ခဲ့လို့ ဘာတွေပြန်ပေးဆပ်ရမှာလဲ ဘယ်လိုပြန်ပေးဆပ်ရမှာလဲကိုတော့ ကြည့်ရှုကြရမှာပါ။