This Is Spinal Tap FHD

This Is Spinal Tap

Comedy Music FHD 1984-03-02 7.419 82 Min

This Is Spinal Tap ဟာ ဗြိတိသျှ heavy metal/hard rock အဖွဲ့ဖြစ်တဲ့  "Spinal Tap" ရဲ့ အမေရိကန်ပြည်ထောင်စုမှာပြုလုပ်တဲ့"Smell the Glove" ခရီးစဉ်ကို နောက်ခံပြုထားတဲ့ မှတ်တမ်းရုပ်ရှင်ပုံစံ ဇာတ်ကားဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးသူ မာတီ ဒီဘာဂီ (Marty DiBergi) ဟာ အဖွဲ့ကို နီးနီးကပ်ကပ် လိုက်လံရိုက်ကူးခဲ့ပြီး အဖွဲ့ရဲ့ ပေါက်ကရလုပ်ပုံတွေ၊ အမေရိကန်ဈေးကွက်မှာ အဖွဲ့ရဲ့ ရောင်းအားကျဆင်းခဲ့ပုံတွေ၊ ဖျော်ဖြေပွဲတွေမှာ ပရိသတ်မရှိလို့ မီးစင်ကြည့်ကခဲ့ရတာတွေ၊ ရုတ်တရက် ဒရမ်တီးသူတွေ မကြာခဏ ထူးထူးဆန်းဆန်းသေဆုံးခဲ့တာတွေနဲ့ အဖွဲ့ဝင်တွေကြား တစ်လွဲခေါင်းဆောင်မှုတွေနဲ့  ပြဿနာများစွာကို ဟာသမြောက်စွာ ဖော်ထုတ်ပြသထားပါတယ်။ အောင်မြင်လာတာနဲ့အမျှ ဂီတအဖွဲ့ကြီးတွေရဲ့ မာနကြီးလာတာတွေ၊ ပျက်ယွင်းလာတာတွေကိုလည်း ပြောင်ပြောင်မြောက်မြောက် သရော်ထားပါသေးတယ်။ ရော့ခ်ဂီတကို ချစ်မြတ်နိုးတွေအတွက်တော့ ရော့ခ်ဂီတလောကရဲ့ မိုက်မဲမှုတွေနဲ့ လက်တွေ့ကြားက ခြားနားချက်တွေကို ထင်ရှားအောင်ဖော်ပြပေးထားတာမို့ အကြိုက်တွေ့ကြမှာသေချာပါတယ်။