အိုင်လင်းဝူအော်နို့စ်....သေမင်းရဲ့သမီးပျို (ဝါ) အစွန်းရောက်ယောကျ်ားမုန်းတီးရေးသမားလို့ သမုတ်ခံရတဲ့ ကွင်းဆက်လူသ-တ်ဘုရင်မကြီး၊ ဖလော်ရီဒါပြည်နယ်ရဲ့ တတိယမြောက်သေဒဏ်ပေးခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မှတ်တမ်းရုပ်ရှင်ပေါ့။ဆယ့်ငါးနှစ်သမီးကတည်းက လမ်းပေါ်ရောက်သွားခဲ့တဲ့ အိုင်လင်းတစ်ယောက် ပြည့်တန်ဆာအဖြစ်နဲ့ပဲ လမ်းပေါ်မှာ နှစ်တွေနဲ့ချီပြီးကျင်လည်ခဲ့တယ်။တိုနီဆိုတဲ့ အမျိုးသမီးနဲ့တွေ့ပြီးမှ သူ့ကိုယ်သူ လိင်တူချစ်သူမှန်းသိသွားတဲ့နောက် တိုင်ရီယာမိုးဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို စွဲစွဲလန်းလန်းချစ်မိသွားခဲ့တယ်။ အဲဒီအချစ်ကပဲ သူ့ကို လူသ-တ်သမားဖြစ်စေတာလားမသိ။သူ့ထွက်ဆိုချက်အရ ချစ်သူနဲ့အတူ အသက်ရှင်လျက် နောက်တစ်ရက်နေထိုင်နိုင်ဖို့ဆိုတဲ့စိတ်နဲ့ ပစ္စတိုတစ်လက် ဆောင်ခဲ့မိရာက သူ သ-တ်လိုက်မိတာ အမျိုးသားခုနစ်ယောက်ထိ။ဒါပေမဲ့ တရားခွင်မှာ ရင်ဆိုင်ရတဲ့အခါ အဲဒီယောကျ်ားတွေက သူ့ပေါ်မှာ မတရားကျင့်လို့၊ ကိုယ်ထိလက်ရောက်စော်ကားလို့ မတရားခိုင်းစေလို့ဆိုတဲ့အကြောင်းတွေ ခုခံချေပခဲ့ပေမဲ့သေဒဏ်ကျခံခဲ့ရပါတယ်။အိုင်လင်းရဲ့ ဘဝဇာတ်ကြောင်း တစိတ်တဒေသနဲ့ တရားခွင်မှာ သူရင်ဆိုင်ရပုံတွေကို Netflixကနေ ထုတ်လွှင့်ခဲ့တာမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။