စိတ္တဇကောင်လေး အသက် ၂၀ ကျော် အဲလက်စ်... သူစိတ္တဇဖြစ်တာက သွေးရိုးသားရိုး မဟုတ်ဘဲ သူ့အမေရဲ့ ပယောဂတွေကြောင့် ဖြစ်ပါတယ်။သူ့အမေဟာလည်း မရည်ရွယ်ဘဲ လုပ်မိတာ မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက အဲလက်စ်ကို လူသေပုံတွေ ပြပြီး စိတ်တွေ ဖောက်ပြန်လာအောင် တွန်းပိုခဲ့တယ်။ယောက်ျားဖြစ်သူက သူတို သားအမိကို အိမ်တွင်းအကြမ်းဖက်မှုတွေ လုပ်တာကြောင့် သားအမိနှစ်ယောက်ပေါင်းပြီး နောက်ဘဝကူးခိုင်းလိုက်ပါတယ်။အဲဒီကနေစပြီး သားအမိနှစ်ယောက်ပေါင်း လောင်းကျော်တော့တာပါပဲ။အဲလက်စ်က လူသတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာပြီဆိုရင် သူ့အမေက မျှားခေါ်လာပေးတယ်။ သတ်ပြီးရင်လည်း အလောင်းဖျောက်ပေးတယ်။နောက်ပိုင်း လူသားစားဖိုအထိပါ ဖြစ်လာပြီး မဟုတ်က, ဟုတ်က စမ်းသပ်မှုတွေကို လုပ်တယ်။လူတွေတအားပျောက်တာကြောင့် ရဲတပ်ဖွဲက သတိထားမိသွားပြီး သူတိုသားအမိကို ဖမ်းမိသွားမှာလား။ ဒါအားလုံးရဲ့ နောက်ကွယ်မှာရော ဘာတွေရှိဦးမလဲ။ စတဲ့မေးခွန်းတွေကိုကိုယ်တိုင်ဖြေနိုင်ဖို ဇာတ်လမ်းလေးကို အဆုံးထိကြည့်လိုက်ကြပါနော်။