Believe: The Ultimate Battle FHD

Believe: The Ultimate Battle

Action Drama History War FHD 2025-07-24 5.5 112 Min

အာဂုစ်ဟာ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ဖခင်၊စစ်ပွဲ အစရှိတဲ့အရာတွေကို နားမလည်နိုင်ပဲ တစ်သက်လုံးကြီးပြင်းလာရသူပါ။ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ ခံစားခဲ့ရတဲ့ ဒုက္ခတွေ သောကတွေ ဝေဒနာတွေကိုအနီးကပ်တွေ့မြင်လာရပြီး ဖခင်ဖြစ်သူရဲ့လုပ်ရပ်တွေကို သဘောမပေါက်နိုင်ခြင်းက တစ်ဖက်၊အရွဲ့တိုက်လိုခြင်းတွေက တစ်ဖက်နဲ့လူပေလူတေလေးအဖြစ်အရွယ်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေအားလုံးဟာ သူ့ဖခင် သေဆုံးသွားချိန်မှာတော့ ပြောင်းလဲသွားခဲ့ပြီး  အဖေ့အတွေးအခေါ်ခံစားချက်တွေ အိမ်မက်တွေကို လက်တွေ့ကျကျသဘောပေါက်နားလည်နိုင်ဖို့အဖေ့ခြေရာနင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီဇာတ်ကားမှာတော့ အာဂုစ်ရဲ့ခရီးစဉ်တစ်လျှောက်ကို အနီးကပ်တွေ့မြင်ရမှာဖြစ်ပါတယ်။ဇာတ်ကားကို အင်ဒိုနီးရှားစစ်တပ်ရဲ့နောက်ခံသမိုင်းကြောင်းနဲ့ဆက်စပ်တင်ပြထားပြီး ၁၉၇၅ နဲ့ ၁၉၉၆ ကဖြစ်ရပ်တွေကို နောက်ခံထားပါတယ်။ဘတ်ဂျက်ကိုကောင်းကောင်းသုံးထားပြီး Production Design အမိုက်စားတွေ၊ခမ်းနားလှပတဲ့တိုက်ပွဲခန်းတွေကို ကျွမ်းကျင်သူတွေရဲ့အကူအညီနဲ့ဖန်တီးထားတာကိုရှုစားရပါလိမ့်မယ်။