Citizen Dog FHD

Citizen Dog

Comedy Fantasy Romance FHD 2004-12-12 6.8 100 Min

ဘဝမှာဆိုးရွားတဲ့အများကြီးရှိတယ် ဝမ်းနည်းစရာတွေလည်း အများကြီးပဲ တခါတလေကျတော့ ကိုယ့်မှာရှိတဲ့ကောင်းတဲ့ အရာတွေကို မမြင်နိုင်လောက်အောင် ဝိဇ္ဇာအမှောင်တွေလည်းဖုံးနေတတ်တယ်ဒါပေမယ့်လည်း မင်းရဲ့ထမင်းကြော်ပန်းကန်ထဲက ပင်စိမ်းလေးတွေကို ဖယ်စားတာကိုလည်း ကိုယ်ချစ်တယ် မင်းပျော်တိုင်း ခြေထောက်လေး လှုပ်နေတာကိုလည်း ချစ်တယ်မင်းလုပ်သမျှအရာတိုင်းက ကိုယ့်အတွက်တော့ ပဉ္စလက်ဆန်နေခဲ့တာပဲ ဂျင်ရယ်ဒီစကားလေးတွေကတော့ 2004  ခုနှစ်က ထွက်ရှိခဲ့တဲ့ Citizen dog  ဆိုတဲ့ ရုပ်ရှင်က ဇာတ်ဝင်စကားလေးတွေပါ၂၀၀၄ ခုနှစ် ထိုင်းရုပ်ရှင်တွေ စတင်မြှင့်တင်နေချိန်တုန်းက မြေစမ်းခရမ်းပျိုးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ဒီကားလေးလည်း တကားအပါအဝင်ပေါ့ ရုပ်ရှင်ရဲ့တင်ပြပုံဟာ တွေ့နေကျရုပ်ရှင်ပုံနဲ့ မတူဘဲ ရေဒီယိုကလာလေ့ရှိတဲ့ဇာတ်လမ်းပမာ နားဆင်စရာပုံစံလိုလို ပြဇာတ်ပုံစံလိုလို ချစ်စဖွယ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းလေးကတော့ ရိုးရိုးလေးပါပဲ တောကတက်လာတဲ့ ယောင်လည်လည်ကောင်လေးတယောက်နဲ့ အီတလီစာမဖတ်တဲ့ အီတလီလိုရေးထားတဲ့ ကောက်ရတဲ့စာအုပ်တအုပ်ကိုဖတ်ဖို့ကြိုးစားနေတဲ့ အိပ်မက်တွေ တပွေ့တပိုက်နဲ့ ကောင်မလေးတယောက်တို့ရဲ့ ဇာတ်လမ်းလေးပါ။ တခါတလေမှာ ခင်ဗျားဘဝမှာ မျှော်လင့်သလိုဖြစ်မလာခဲ့ရင်ခင်ဗျားယုံကြည်ထားတဲ့အရာက ခင်ဗျားထင်ထားတာနဲ့ ပြောင်းပြန်ဇောက်ထိုးဖြစ်နေခဲ့ရင် ခင်ဗျားဘယ်လိုများ ခံစားရလေမလဲ။ ခင်ဗျားရင်ဘတ်ထဲမှာရှိနေမယ့်အရာကို ဒီဇာတ်လမ်းလေးကပြောပြနိုင်ပါလိမ့်မယ်။ ဒါရိုက်တာ Wisit Sasanatieng  က ရိုက်ကူးထားပြီး Mahasamut Boonyaruk  နဲ့ Seangthong Gate Uthong တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်....