FHD
Ginger Snaps Back: The Beginning
Ginger Snaps Back: The Beginning ဟာနာမည်ကျော်သမန်းဝံပုလွေရုပ်ရှင်စီးရီးစ်ဖြစ်တဲ့ Ginger Snaps ရဲ့နောက်ဆုံးကားဖြစ်ပြီး ဇာတ်လမ်းကတော့ prequel ဖြစ်သွားပါတယ်။ဂျင်ဂျာနဲ့ဘရစ်ဂျစ်တို့ညီအစ်မကို ဒီဇာတ်ကားမှာတော့ ၁၉ ရာစုကနေဒါရဲ့သားမွေးကုန်သွယ်ရေးခေတ်မှာ တွေ့မြင်ရမှာပါ။ ဂျင်ဂျာနဲ့ဘရစ်ဂျစ်တို့ဟာလူသူမနီးတဲ့တောအုပ်ထဲမှာလှည့်လည်သွားလာရင်း ဘရစ်ဂျစ်တစ်ယောက် ဝက်ဝံထောင်ချောက်ကိုနင်းမိခဲ့ပါတယ်။ အဲ့ဒီမှာ အင်ဒီးယန်းလူငယ်တစ်ယောက်က သူတို့ကိုကယ်တင်ပေးခဲ့ပြီး အနားမှာရှိတဲ့ ခံတပ်တစ်ခုအတွင်းကိုရောက်ရှိသွားရာကနေ အတွင်းမှာရှိနေတဲ့ လူတွေရဲ့စိတ်ဝမ်းကွဲမှု သံသယတွေ၊အပြင်ကနေ ဝင်လာဖို့လှည့်ပတ်ချောင်းမြောင်းနေတဲ့ သမန်းဝံပုလွေတွေ၊ အထဲမှာရှိနေနှင့်ပြီးသား အသွင်မပြောင်းသေးတဲ့သူတွေနဲ့ရင်ဆိုင်ရပုံတွေကိုသဲထိတ်ရင်ဖိုကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။