"The Carman Family Deaths" မှတ်တမ်းရုပ်ရှင်ဟာ ၂၀၁၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုနဲ့ စတင်ထားပြီးမိခင်ဖြစ်သူ လင်ဒါကာမန်နဲ့သားဖြစ်သူနေသန်ကာမန်တို့ဟာ"Chicken Pox" လို့ခေါ်တဲ့သူတို့ရဲ့လှေလေးနဲ့ ငါးမျှားထွက်ခဲ့ကြရာကနေပင်လယ်ပြင်မှာပျောက်ဆုံးသွားခဲ့ပါတယ်။ ၇ရက်အကြာမှာတော့နေသန်ကိုပင်လယ်ပြင်မှာအသက်ကယ်ဖောင်တစ်ခုပေါ်ကနေ ကုန်တင်သင်္ဘောတစ်စီးက ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပေမယ့်မိခင်ဖြစ်သူလင်ဒါကိုတော့ရှာမတွေ့ခဲ့ပါဘူး။ဒီဖြစ်ရပ်ကနေတဆင့် ရဲတပ်ဖွဲ့နဲ့ FBI တို့ရဲ့စုံစမ်းစစ်ဆေးမှုတွေစတင်လာတဲ့အခါမှာတော့ပိုပြီးနက်ရှိုင်းတဲ့မိသားစုလျှို့ဝှက်ချက်တွေပေါ်ပေါက်လာပါတော့တယ်။နေသန်ရဲ့အဖိုးဖြစ်သူ အိမ်ခြံမြေသူဌေးကြီးဂျွန်ချက်ကလိုဟာ၂၀၁၃ ခုနှစ်တုန်းကသူ့အိမ်မှာပဲသေနတ်နဲ ပစ်သတ်ခံခဲ့ရတဲ့ မဖြေရှင်းနိုင်သေးတဲ့ လူသတ်မှုကိုပါ ပြန်လည်ဖော်ထုတ်လာကြပါတယ်။ နေသန်ဟာအဖိုးဖြစ်သူရဲ့ ဒေါ်လာသန်းပေါင်းများစွာသောအမွေကိုရယူဖို့အတွက်အဖိုးကိုရော၊အခုသူ့အမေကိုပါသတ်ပစ်ခဲ့တာလားဆိုတဲ့သံသယတွေကြီးထွားလာပြီးနေသန်ရဲ့လုပ်ရပ်တွေပေါ်ပေါက်သွားမလားနေသန့်အပေါ်မှာရှိနေတဲ့သံသယံတွေကမှန်ရဲ့မလားနောက်ဆုံးမှာအမှုကဘယ်လိုအဆုံးသတ်မလဲဆိုတာကတော့ဆက်လက်ကြည့်ရှုခံစားလိုက်ပါဗျာ။