Firestorm FHD

Firestorm

Action Drama Thriller FHD 2013-12-12 6.124 105 Min

“ပြည်သူ့တာဝန်ကို ကြည်ညို ဥပဒေကို လက်ကိုင်ထားပါ” တဲ့။ ဒါပြည်သူ့ရဲတစ်ယောက်ဖြစ်တဲ့ အထူးတပ်ဖွဲ့ အရာရှိ လူမင်းချင်ရဲ့ လက်ကိုင်စကားပါ။ “ရဲလောကမှာ အရက်သမားတွေ လောင်းကစားသမားတွေ ပုံနေသလို မုဆိုးမဖြစ်သွားတဲ့ မိန်းမတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့ ငါတို့ ဒီအလုပ်ကို ဘာလို့ဆက်လုပ်နေလဲဆိုတော့ အပြစ်မဲ့တဲ့ ပြည်သူတွေ မသေစေချင်လို့ပဲ”တဲ့။ ဒီလိုမျိုး တာဝန်သိတဲ့ စုံထောက်လူမင်းချင်နဲ့ ငွေအားလူအား တောင့်တင်းတဲ့ လူဆိုးဂိုဏ်းတစ်ခုနဲ့ ရင်ဆိုင်အားပြိုင်ရတဲ့အချိန်မှာ ဘယ်သူတွေက မြေစာပင်ဖြစ်ကျန်ခဲ့မလဲ ဘယ်သူတွေကို ပေးဆပ်ပြီး အဲ့ဂိုဏ်းကြီးကိုဖြိုခွင်းရမှာလဲ စသည်ဖြင့် အပစ်အခတ် ဒရာမာစုံလင်စွာနဲ့ ကြည့်ရှုရမဲ့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တော်တော်များများပါဝင်တဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။