Love+War ဆိုတဲ့ မှတ်တမ်းရုပ်ရှင်မှာ ကမ္ဘာ့အန္တရာယ်အများဆုံးဖြစ်တဲ့ စစ်မြေပြင်တွေမှာ သမိုင်းဝင်ဓာတ်ပုံတွေရိုက်ကူးနေရတဲ့ အမျိုးသမီးစစ်သတင်းဓာတ်ပုံဆရာ Lynsey Addario ရဲ့အသက်မွေးဝမ်းကြောင်းဘဝနဲ့ မိခင်ဘဝနှစ်ကိုပုံဖော်ပြထားပါတယ်။ တစ်ဖက်မှာ သူမဟာ စစ်၏အနိဌာရုံတွေကို အသက်နဲ့ရင်းပြီးမှတ်တမ်းနေရပြီး တခြားတစ်ဖက်မှာတော့ လန်ဒန်မြို့က သူမ၏ခင်ပွန်းနဲ့ သားနှစ်ယောက်အတွက်မိခင်အဖြစ်တာဝန်ရှိနေပါတယ်။ ဒီမှတ်တမ်းမှာ LynseyAddario ရဲ့ အသက်အန္တရယ်များလှတဲ့ အလုပ်နဲ့ မိသားစုဘဝကြားကခံစားချက်တွေ၊စစ်ပွဲတွေအတွက် ပြည်သူလုထုတွေရဲ့ဆုံးရှုံးမှုတွေ တိုင်းပြည်ရဲ့လူငယ်တွေပေးဆပ်ရမှုတွေ ကိုရိုက်ကူးမှတ်တမ်းတင်ထားကို ကြည့်ရှုလိုက်ပါ။