Bruce Springsteen ဆိုတာ “American rock legend” လို့ ခေါ်ရမယ့် သီချင်းရေးဆရာ၊ တေးသံရှင်ကြီးဖြစ်ပြီး The Boss လို့လည်း လူသိများတဲ့ အမေရိကန်ဂီတအထင်ကရ ပုဂ္ဂိုလ်ဖြစ်ပါတယ်။Bruce Springsteen အကြောင်းကို အခြေခံထားတဲ့ ဒီဇာတ်ကားမှာ သူ့ရဲ့ 1982 ခုနှစ် Nebraska အယ်လ်ဘမ်ကို ဖန်တီးနေစဉ် အောင်မြင်စပြုကာလ ကို အဓိကဖော်ပြထားတယ်။ဘရုစ်စပရင်းစတင်းအဖြစ် Shamless , The Bear ဇာတ်လမ်းတို့ထဲက နာမည်ကြီးမင်းသား Jeremy Allen White က သရုပ်ဆောင်ထားပါတယ်။acoustic စတိုင်အယ်လ်ဘမ်ကို 4‑track recorder နဲ့၊ သူ့အိပ်ခန်းထဲမှာ အသံသွင်းဖန်တီးရာကစပြီး သူနာမည်ကြီးတစ်ယောက်ဖြစ်လာချိန် ဖိအားတွေ၊ အချစ်ရေးနဲ့လူမှုဘဝတွေကိုဖော်ပြထားပါတယ်။