Five Nights at Freddy's 2 HD

Five Nights at Freddy's 2

Horror Thriller HD 2025-12-03 6.3 104 Min

Mike Schmidt နဲ့ သူ့ရဲ့ညီမလေး Abby တို့ဟာ ပထမကားက အဖြစ်ဆိုးတွေအပြီးမှာ ပုံမှန်ဘဝတစ်ခုကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ Abby ကတော့ Freddy, Bonnie,Chica နဲ့ Foxy ဆိုတဲ့ စက်ရုပ်သူငယ်ချင်းတွေကို မေ့မရနိုင်ဘဲ လွမ်းဆွတ်နေဆဲပါ။ တစ်ဖက်မှာလည်း မြို့ထဲမှာ "Fazfest" လို့ခေါ်တဲ့ Freddy Fazbear ဆိုင်ဟောင်းကို အမှတ်တရဂုဏ်ပြုမယ့်ပွဲတော်တစ်ခု ကျင်းပဖို့ ပြင်ဆင်နေကြတာက ကံဆိုးမိုးမှောင်ကျမယ့် နိမိတ်တစ်ခု ဖြစ်လာပါတယ်။ဒီတစ်ခါမှာတော့ ရန်သူအသစ်ဟာ ပိုပြီး အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ Charlotte (The Marionette) ပါ။ သူဟာ William Afton ရဲ့ ပထမဆုံး သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ကလေးမလေးရဲ့ဝိညာဉ်ဖြစ်ပြီး၊ ယခုအခါမှာ ကျန်ရှိနေတဲ့ စက်ရုပ်ဟောင်း (Withered Animatronics) တွေကို ကြိုးမဲ့စနစ်နဲ့ ထိန်းချုပ်ကာ လူတွေကို (အထူးသဖြင့် မိဘတွေကို) ကလဲ့စားချေဖို့ကြိုးစားနေပါတယ်။Abby ဟာ သူမရဲ့ သူငယ်ချင်းတွေကို ကယ်တင်ချင်စိတ်နဲ့ လှည့်စားခံရပြီး စက်ရုပ်တွေကို ပိတ်လှောင်ထားတဲ့ စနစ် (Perimeter Lock) ကို ဖွင့်ပေးလိုက်မိရာကနေစက်ရုပ်တွေ မြို့ထဲကိုလွတ်ထွက်လာခဲ့ပါတယ်။ Mike နဲ့ ရဲအရာရှိ Vanessa တို့ဟာ Abby ကို ကယ်တင်ဖို့နဲ့ စက်ရုပ်တွေကို တားဆီးဖို့ အသည်းအသန် ကြိုးစားကြရပါတယ်။ဇာတ်လမ်းရဲ့ အထွတ်အထိပ်မှာတော့ William Afton ရဲ့ သားဖြစ်သူ Michael Afton ဟာ ဇာတ်ကောင်အသစ်အနေနဲ့ ပေါ်ထွက်လာပြီး သူ့အဖေရဲ့ မပြီးဆုံးသေးတဲ့ လုပ်ရပ်တွေကိုဆက်လက်လုပ်ဆောင်ဖို့ ကြေညာလိုက်တဲ့အခါ Mike တို့ ဘယ်လို ရင်ဆိုင်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ထူးခြားချက်တွေအနေနဲ့တော့Withered Animatronics: ပထမကားက စက်ရုပ်တွေထက် ပိုမိုပျက်စီးဟောင်းနွမ်းနေပြီး ကြောက်စရာကောင်းတဲ့ ပုံစံသစ်တွေနဲ့ တွေ့မြင်ရမှာပါ။The Marionette (Charlotte): ဂိမ်းစီးရီးထဲက အရေးပါတဲ့ ဇာတ်ကောင် Marionette ရဲ့ နောက်ခံရာဇဝင်နဲ့ စွမ်းအားတွေကို ဒီကားမှာ အဓိကထား တင်ဆက်ထားပါတယ်။Villain အသစ်: Michael Afton ဆိုတဲ့ ဇာတ်ကောင်သစ်ပါဝင်လာပြီး ဇာတ်လမ်းကိုပိုမြိုင်ဆိုင်သွားစေပါတယ်။Five Nights at Freddy's ဂိမ်းပရိသတ်တွေရော၊ သည်းထိတ်ရင်ဖို ရုပ်ရှင်ကြိုက်သူတွေပါ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။