ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်မှာ ကလေးတွေကိုလက်ဆောင်လိုက်ပေးတဲ့ စန်တာခလော့စ်က တကယ်ပဲရှိတာလား ရှိခဲ့တယ်ဆိုရင်ရော သူကဘယ်လိုလုပ်လိမ္မာတဲ့ကလေးနဲ့ဆိုးတဲ့ကလေးပြီးခွဲခြားသိမြင်နေရတာလဲ။ဒါကိုအဖြေရှာချင်တယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးကအသင့်တော်ဆုံးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အကြောင်းအရာကတော့ ခရစ္စမတ်နေ့မှာကလေးတွေကို စန်တာခလော့စ်က လက်ဆောင်လိုက်ပေးတဲ့အခါကြရင် ဘယ်ကလေးကလိမ္မာလဲဘယ်ကလေးကဆိုးလဲဆိုတာကိုသိရတဲ့အကြောင်းရင်းကတော့ တစ်နှစ်ပတ်လုံး တစ်ကမ္ဘာလုံးက ကလေးတွေကိုစောင့်ကြည့်နေတဲ့ ကုမ္ပဏီကြီးရှိနေလိုပဲဖြစ်တယ်။အဲ့ဒီကုမ္ပဏီမှာလူတွေကပဲဝန်ထမ်းဖြစ်ပြီး သူတိုကအပြင်လူမသိအောင် နှုတ်ပိတ်ပြီး စည်းမျဉ်းအရတစ်နှစ်လုံးအလုပ်လုပ်ရတယ်။ဘာအလုပ်လဲဆိုတော့ ကလေးတွေဆိုးလားလိမ္မာလားဆိုတာကိုလိုက်စောင့်ကြည့်ရတာပဲ။အဲ့ဒီမှာအလုပ်လုပ်တဲ့ စုံထောက် ၀၃၆ အစ်ဆဘဲလ်ဟာ တစ်နေ့မှာ ချာလီလိုခေါ်တဲ့ဆိုးသွမ်းတဲ့ကောင်မလေးကို စောင့်ကြည့်ဖို တာဝန်အပေးခံရတယ်။အစ်ဆဘဲလ်ဟာချာလီကိုစောင့်ကြည့်ရင်းကနေ သူ့အမြင်မှာဆိုးသွမ်းတာလည်းမဟုတ်သလို လိမ္မာတာလည်းမဟုတ်ဘူးဆိုတာကို တွေ့မြင်လာတယ်။လူတိုင်းလူတိုင်းဟာ သူတိုရဲ့ဒုက္ခကိုယ်စီရှိကြပြီးကလေးလေးတွေကပါ သူတိုဘဝကို ငယ်ငယ်ကတည်းက ဘယ်လိုဖြတ်သန်းနေရလဲဆိုတာကိုစောင့်ကြည့်ရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့....