Anarchist from Colony FHD

Anarchist from Colony

Drama History FHD 2017-06-28 7.4 129 Min

၁၉၂၃ ခုနှစ် ကန်တိုငလျင်ဖြစ်ပွားပြီးနောက်ပိုင်း ကိုရီးယားလူမျိုးအယောက် ၆၀၀၀ လောက် အစုလိုက် အပြုံလိုက် အသတ်ခံရမှုကို ဖုံးကွယ်ဖို့အတွက် ဂျပန်အာဏာပိုင်တွေဟာလူထုအာရုံစိုက်မှုကို ပြောင်းလဲပစ်ဖို့အတွက် ကိစ္စအကြီးကြီး တစ်ခုကို စီစဉ်ခဲ့ပါတယ်။ ဘူးလ်ယောင်းဆာ ဘုန်းကြီးကျောင်းမှာ နေထိုင်ပြီး ဂျပန်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ လုပ်နေတဲ့ ဘတ်ယော (Lee Je Hoon) ဟာ သူတို့ရဲ့ပစ်မှတ်ဖြစ်လာခဲ့ပါတယ် ..  ဂျပန်အာဏာရှင်တွေရဲ့ လိမ်လည်မှုကို သတိထားမိတဲ့ ဘတ်ယောဟာ ဂျပန်တို့ရဲ့ အိမ်ရှေ့စံမင်းသားကို လုပ်ကြံဖို့အတွက် သူ့မိန်းမတစ်ဖြစ်လဲ ရဲဘော်ရဲဘက်ဖြစ်သူ ခါနဲကို ဖူမီကို (Choi HeeSeo)နဲ့ အတူကြံစည်ခဲ့တယ်ဟု ဝန်ခံခဲ့ရာ အကြီးမားဆုံးအပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်ချမှတ်ခံလိုက်ရတဲ့အခါမှာတော့ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲ .. ကိုရီးယားလူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်တဲ့ကိစ္စကို နိုင်ငံတကာမသိအောင် အာရုံလွှဲချင်တဲ့ ဂျပန်အစိုးရက ဘာတွေဆက်လုပ်မလဲ...ဘတ်ယောတို့ကရော ဒီကိစ္စကို ကမ္ဘာကသိသွားအောင် ဘယ်လိုကြိုးစားမလဲ ..ခါနဲကို ဖူမီကိုရဲ့ ဘတ်ယောအပေါ် ထားရှိတဲ့ ချစ်ခြင်းတရားကိုပါ ထည့်သွင်းရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးဖြစ်တာမို့လို့  ဆက်လက်ရှုစားကြပါဦးနော် ..