ဂျူဒီနဲ့ နစ်ခ်တို့က မြို့တော်ရဲ့ နာမည်ကြီး "ရာသီဥတုထိန်းနံရံတွေ" (Weather Walls) ကို တီထွင်ခဲ့သူတွေအဖြစ် လူသိများတဲ့ လင့်ခ်စလေ (Lynxley) မိသားစုရဲ့ လျှို့ဝှက်ချက်တစ်ခုကိုသိလိုက်ရပါတယ်။ ဒီလျှို့ဝှက်ချက်ဟာ ဇူတိုးပီးရားရဲ့ အပယ်ခံ တွားသွားသတ္တဝါတွေနဲ့ ပတ်သတ်နေတာပါ။ ဒီသမိုင်းမှန်ကို ဖုံးကွယ်ချင်နေတဲ့ လင့်ခ်စလေမိသားစုက လုပ်ကြံလိုက်လို့ ဂျူဒီနဲ့နစ်ခ်တို့ခမျာ ရဲမှူးဘိုဂိုကို လုပ်ကြံတယ်ဆိုပြီး စွပ်စွဲခံရကာ ဝရမ်းပြေးတွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေရပါတော့မယ်။ သူတို့ အပြစ်ကင်းကြောင်း သက်သေပြဖို့နဲ့ တွားသွားသတ္တဝါတွေရဲ့ သိက္ခာကို ပြန်ဆယ်ဖို့အတွက် ဂျူဒီနဲ့ နစ်ခ်တို့ဟာ သူငယ်ချင်းသစ်တွေဖြစ်တဲ့ ဂယ်ရီ (Gary) လို့ခေါ်တဲ့ မြွေတစ်ကောင်ရယ်၊နစ်ဘယ်လ် (Nibbles) လို့ခေါ်တဲ့ ဘီဗာတစ်ကောင်ရယ်နဲ့ ပူးပေါင်းလိုက်ပြီး ရေခဲမြို့တော် (Tundratown) အောက်မှာ နှစ်ပေါင်းများစွာ မြှုပ်နှံခံထားရတဲ့ တွားသွားသတ္တဝါရပ်ကွက်ဟောင်းဆီကို စွန့်စားသွားရောက်ပြီး အထောက်အထားကို ရှာဖွေကြရမှာ ဖြစ်ပါတယ်။ဇူတိုးပီးရားထုံးစံအတိုင်း မတူတဲ့သူတွေရဲ့ ညီညွှတ်ရေးတွေ၊ သူငယ်ချင်းစိတ်ဓာတ်တွေကို ဟာသတွေနဲ့ရောနှောပြီး ကြည့်ရမှာပါ။