ဇာတ်လမ်းအစမှာတော့ သူ့အဖေရဲ့နိုင်ငံရေးနောက်ကွယ်ကအရှုပ်တော်ပုံတွေကြောင့်ထွက်ပြေးနေရတဲ့ဖရေယာနဲ့ ရှေးရိုးစွဲအသိုင်းအဝိုင်းတစ်ခုကနေလွတ်မြောက်ဖို့ကြိုးစားနေတဲ့နဗီးယားတို့ဟာအက်ဂနက်(Agnes) ပိုင်ဆိုင်တဲ့လယ်တောခြံလေးတစ်ခုမှာဆုံတွေ့ခဲ့ကြပါတယ်။မတူညီတဲ့အတိတ်တွေနဲ့ဖိအားတွေအောက်ကနေရုန်းထွက်ချင်တဲ့သူတို့နှစ်ယောက်ဟာဖရေယာရဲ့Caravanကားလေးနဲ့အတူစွန့်စားခန်းခရီးတစ်ခုကိုတူတူစတင်လိုက်ပါတော့တယ်။သူတို့ရဲ့ခရီးလမ်းဟာ ပျော်စရာကောင်းသလိုနဲ့ စတင်ခဲ့ပေမဲ့ ဖရေယာကလည်းကိုယ်နဲ့မကွာသူ့အဖေရဲ့လျှို့ဝှက်ချက်တွေပါနဲ့USB ကိုဆောင်ထားရပြီးနဗီးယားကလည်းဖြစ်လာမှာတွေကိုကြိုမြင်နေရတာကြောင့်သူတို့ကြားမှာတင်းမာမှုတွေဖြစ်ပေါ်လာပြီးဘာတွေဆက်ဖြစ်သွားမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။