The Demon Hunter ဆိုတဲ့နာမည်အတိုင်း မကောင်းဆိုးဝါးဖမ်းပွဲလေးပေါ့။ မကောင်းဆိုးဝါးအများကြီးမပါပါဘူး.. ချောချောလေးတစ်ယောက်တည်းပါ။ အဲ့ဒီတစ်ယောက်တည်းကပဲ အစီအစဉ်တွေအကုန်ချထားပြီး လုံယွမ်တိုင်းပြည်ကြီးတစ်ခုလုံးကို ပျက်ဆီးသွားအောင်လုပ်ပါတော့တယ်။ လုံယွမ်ပြည်ကြီးမှာ ကျိုင်းကောင်ကပ်ဆိုးတွေရော ဝမ်းရောဂါကပ်ဘေးတွေပါဖြစ်နေရတဲ့အထဲ မင်းကြီးကပါ နဂါးအဖြစ်ပြောင်းလဲသွားပြီး အဝေးကိုပျံထွက်သွားပါတယ်။ ပြည်သူတွေအတွက် လုပ်ပေးမယ့်ဆုတောင်းပွဲကလည်း နောက်သုံးရက်နေရင်စပါပြီ။ ဒီလိုမျိုးမူမမှန်တဲ့ပျောက်ဆုံးမှုတွေနဲ့ မိုးကောင်းကင်ကအပြစ်ပေးတဲ့ကပ်ဆိုးတွေကို စုံစမ်းစစ်ဆေးဖို့ နက္ခတ်ဌာနမှစစ်ဆေးရေးမှူး ပိုင်ယိထုန် နဲ့ မင်းကြီးအပေါ်ကိုသစ္စာစောင့်သိတဲ့ လင်လုံတို့ တာဝန်ယူလိုက်တဲ့အခါမှာတော့…