Forgotten HD

Forgotten

Crime Thriller Mystery HD 2017-11-29 7.892 108 Min

ဂျင်​ဆော့ (Kang Ha-neul)တို့ မိသားစု​လေး​ယောက် အိမ်အသစ်ကို​ပြောင်းပြီး ​နောက်ပိုင်း ထူးဆန်းစရာ​တွေကို ကြုံ​တွေ့ခဲ့ရတယ်။ ဂျင်​ဆော့အတွက် အိမ်အသစ်ကို ရင်းနှီး​နေသလို ခံစား​နေရပြီး အိမ်ထဲက ပိတ်ထားတဲ့ အခန်းထဲက​နေ ထူးဆန်းတဲ့အသံ​တွေကို ​တောက်​လျှောက်ကြားနေခဲ့ရတယ်။ ဒီလိုနဲ့ မိုးညတစ်ညမှာ ​အ​စ်ကိုဖြစ်သူ ယူ​ဆော့ (Kim Mu-yeol)နဲ့အတူ လမ်း​လျှောက်ထွက်ရင်း ယူ​ဆော့က ပြန်​ပေးဆွဲခံလိုက်တယ်။ ရဲတိုင်ခဲ့​ပေမဲ့ အစ်ကိုကို ရှာမ​တွေ့တာ​ကြောင့် စိုးရိမ်ပူပန်လာတဲ့ ဂျင်​ဆော့တို့ မိသားစုဆီကို ၁၉ရက်အကြာမှာ​တော့ ယူ​ဆော့က အ​ကောင်းအတိုင်း ပြန်​ရောက်လာခဲ့တယ်။ အစ်ကိုဖြစ်သူ အိမ်ပြန်​ရောက်ပြီး​နောက်ပိုင်း ထူးဆန်းတာ​တွေ ပိုပြီး ဖြစ်ပျက်လာခဲ့တယ်။ ဘယ်​ခြေမသန်စွမ်းဖြစ်​နေတဲ့ အစ်ကိုက ညာ​ခြေ​ထော့ပြီး လမ်း​လျှောက်​တာ၊ ညဘက်​တွေဆို အစ်ကိုက အိမ်ထဲက​နေ ထွက်သွားတာ၊ ထူးဆန်းတဲ့အသံ​တွေကြား​နေရတာ​တွေ​ကြောင့် ဂျင်​ဆော့တစ်​ယောက် အစ်ကိုဖြစ်သူယူ​ဆော့​ကို နောက်​ယောင်ခံလိုက်ပါ​တော့တယ်။ နောက်​ယောင်ခံလိုက်ရင်း လူဆိုး​တွေနဲ့ ​တွေ့တဲ့အခါ ထွက်​ပြေးပုန်းခိုရင်း မနက်​ရောက်တဲ့အခါ ဂျင်​ဆော့​ရော ယူ​ဆော့​ရော အိပ်ခန်းထဲ ပြန်​ရောက်​နေတာကို တွေ့လိုက်ရတယ်။ ဒီလိုမူမမှန်တာ​တွေ​ကြောင့် ဂျင်​ဆော့က သူ့အစ်ကိုယူ​ဆော့က အစ်ကိုအရင်းမဟုတ်​တော့ဘူးလို့ သံသယဝင်လာပြီး အ​မေဖြစ်သူနဲ့အတူ ယူ​ဆော့ရဲ့ သရုပ်​မှန်ကို ​ဖော်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာ​တော့... တကယ်ပဲ ယူ​ဆော့က လူ​ပြောင်းသွားခဲ့တာလား၊ အ​မေဖြစ်သူက​ရော ဂျင်​ဆော့​ပြောတာကို ယုံကြည်​ပေးမှာလား၊ ​ပြောင်းလာတဲ့အိမ်အသစ်မှာ​ရော ဘယ်လိုဇာတ်​ကြောင်း​တွေရှိ​နေမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။