Pamali: The Little Devil HD

Pamali: The Little Devil

Horror Mystery HD 2025-08-07 7.8 95 Min

အင်ဒိုနီးရှားနိုင်ရဲ့နာမည်ကျော် horror ဂိမ်းနဲ့ ရုပ်ရှင် universe ဖြစ်တဲ့ Pamali Universeရဲ့ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားတွဲတွေဟာ အင်ဒိုနီးရှားရိုးရာ အယူသီးမှုနဲ့တားမြစ်ချက်တွေကိုအခြေခံထားတာဖြစ်ပြီး အဲ့ဒါတွေကိုချိုးဖောက်မိတဲ့ အခါ ကျိန်စာသင့်တာအန္တရာယ်တွေနဲ့ရင်ဆိုင်တွေ့ရတာတွေကြုံရတတ်တဲ့အကြောင်းပါပဲ။ဒီဇာတ်ကားကတော့ တူယွလ် လို့ခေါ်တဲ့ ကလေးငယ်ပုံသဏ္ဍာန်ရှိ မကောင်းဆိုးဝါးအကြောင်းကိုဗဟိုပြုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ အမ်ဘာဆိုတဲ့ သားသမီးနှစ်ယောက်မိခင် မုဆိုးမတစ်ဦးဟာ ငွေရေးကြေးရေးအခက်အခဲကြောင့် အားကိုးရာမဲ့နေချိန်မှာလမ်းဘေးမှာ ကောက်ရခဲ့တဲ့ငွေထုပ်တစ်ထုပ်ကို အိမ်ယူသွားခဲ့မိပါတယ်။အဲ့ဒီညမှာပဲ သူတို့ တစ်မိသားစုလုံးဟာ တူယွလ်မကောင်းဆိုးဝါးရဲ့ခြောက်လှန့်မှုကိုခံခဲ့ရပြီးမိုးမလင်းခင်မှာပဲ အမ်ဘာ တစ်ယောက်ပျောက်ချင်းမလှပျောက်ကွယ်သွားပါတော့တယ်။အဲ့ဒီမတိုင်ခင်ကတည်းက သူတို့ရွာထဲမှာ မကြာခဏငွေပျောက်ဆုံးမှုတွေတစ်နှစ်တစ်ခါလူပျောက်မှုတွေပါအမြဲဖြစ်ပေါ်နေပြီးပျောက်ဆုံးသူတွေကအမြဲတမ်း အမျိုးသမီးတွေဖြစ်လေ့ရှိပါတယ်။သူတို့အမေပျောက်ဆုံးမှုကိုလိုက်ရှာမယ့် အမ်ဘာရဲ့သမီး ပူထရီနဲ့သူငယ်ချင်းတစ်စုကတော့ သူတို့ရွာရဲ့ကြောက်စရာလျှို့ဝှက်ချက်ကြီးနဲ့အတူမကောင်းဆိုးဝါးတွေရဲ့အန္တရာယ်ကိုပါရင်ဆိုင်ရမှာဖြစ်ပါတယ်။နာမည်ကျော်ဇာတ်ကားတွဲတွေပီပီ ခြောက်လှန့်ခန်းတွေရော၊ရိုက်ချက်နဲ့ဇာတ်လမ်းမှာပါလျော့မနေပဲ အစကနေ အဆုံးထိ ဆွဲဆောင်နိုင်တဲ့ဇာတ်ကားဖြစ်ပါတယ်။