Ekō HD

Ekō

Drama Mystery HD 2025-11-21 8.2 127 Min

ဒီနေ့မှာတော့ "Kishkindha Kaandam" တို့လို နာမည်ကြီးကားတွေကို ဖန်တီးခဲ့တဲ့အဖွဲ့ကနေ ၂၀၂၅ မှာ ထပ်မံတင်ဆက်လိုက်တဲ့ "Eko" ဆိုတဲ့ မလေယာလမ်းကားလေးအကြောင်း ပြောပြချင်ပါတယ်ဒီကားကတော့ ထူးခြားတဲ့ ရိုက်ချက်တွေနဲ့အတူ ပရိသတ်ကို ဇာတ်လမ်းပြီးတဲ့အထအတွေးနယ်ချဲ့စေမယ့်ကားကောင်းတစ်ကားပါဇာတ်လမ်းလေးကတော့ မြူခိုးတွေဖုံးလွှမ်းနေတဲ့ "Kaattukunnu" ဆိုတဲ့တောင်ကုန်းပေါ်ကအိမ်အိုကြီးတစ်လုံးမှာ စတင်ပါတယ် အဲဒီအိမ်မှာ မလာသီဆိုတဲ့အသက်ကြီးပိုင်း အမျိုးသမီးတစ်ယောက်နဲ့ သူမရဲ့ သားတွေက ငှားရမ်းပေးထားတဲ့လူငယ်စောင့်ရှောက်သူ ပီယူးစ်တို့ နေထိုင်ကြပါတယ် သူတို့ရဲ့ဘဝက အေးအေးဆေးဆေးရှိလှတယ်လို့ ထင်ရပေမဲ့ တကယ်တော့ဒီတောင်ကုန်းပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေခဲ့တာပါမလာသီရဲ့ ခင်ပွန်းဖြစ်သူကူရီယာချန်က လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ပျောက်ဆုံးနေတဲ့ နာမည်ကြီး ခွေးမွေးမြူရေးသမား တစ်ယောက်ပါ တစ်နေ့မှာတော့ လူစိမ်းတွေက ကူရီယာချန်ကို လိုက်ရှာရင်း ဒီတောင်ကုန်းပေါ်ကို ရောက်လာကြပါတယ် တချို့က လက်စားချေဖို့ တချို့ကတော့ ဥပဒေနဲ့အညီ အပြစ်ပေးဖို့ လာကြတာပါ .....ဒီလိုနဲ့ လူစိမ်းတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာတဲ့အခါမှာတော့မလာသီနဲ့ ပီယူးစ်တို့ရဲ့ ပုံမှန်ဘဝလေးက ပျက်စီးသွားပြီးအတိတ်က ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက တဖြည်းဖြည်း ပေါ်ထွက်လာချိန်မှာတော့။