Formalin Man FHD

Formalin Man

Comedy Drama Music FHD 2004-09-30 5.5 98 Min

"ဖော်မလင်လူသား" (၂၀၀၄) ဇာတ်ကားဟာ သေခြင်းတရားထက် ပိုမိုခိုင်မြဲတဲ့ သံယောဇဉ်နဲ့ တာဝန်ယူမှုကို ဟာသ၊ ဒရာမာ ရသစုံလင်စွာ တင်ဆက်ထားတဲ့ ထိုင်းရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။မိသားစုသဖွယ် ချစ်ခင်ရတဲ့ တေးဂီတတီးဝိုင်းလေး ပျက်စီးမသွားစေဖို့ တီးဝိုင်းခေါင်းဆောင် ချက်ထောင်ဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပေမဲ့ သူ့ရဲ့ဝိညာဉ်က ရုပ်ခန္ဓာထဲက မထွက်ဘဲဖော်မလင်ဆေးအကူအညီနဲ့ လူသေဘဝအတိုင်း ဝိုင်းကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ဒီဇာတ်လမ်း‌လေးဟာ ချစ်ရသူတွေအတွက် သေဆုံးသွားတာတောင် အနားမှာ ရှိနေပေးချင်တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို အလွမ်းအဆွေး၊ အားပေးမှုတွေနဲ့ ထိထိမိမိပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ခုပါ။သိုသော်လည်း အမှန်တရား ပေါ်ပေါက်လာတဲ့အခါမှာတော့ တစ်ချိန်က ချစ်ခင်ကြောက်ရွံခဲ့တဲ့ ဝိုင်းတော်သားတွေက သူ့ကို လူသေ (ဖော်မလင်မန်း) အဖြစ် သိရှိပြီး ကြောက်လန့်တကြားစွန့်ခွာသွားကြပုံမှာ လူ့သဘာဝရဲ့ အနိဋ္ဌာရုံကို ရင်နင့်အောင် မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ရုထုန့်တေးဂီတရဲ့ ရသတွေကို ခံစားရသလို၊ နောက်ဆုံးမှာတော့ အချစ်စစ်ဆိုတာ ရုပ်ခန္ဓာထက် စိတ်ဝိညာဉ်အပေါ်မှာသာ တည်ကြောင်းကို နက်နက်ရှိင်းရှိင်းမီးမောင်းထိုးပြထားကာ ဟာသနဲ့ မျက်ရည်ကို မျှမျှတတ ပေးစွမ်းနိုင်တာကြောင့် ယနေ့တိုင် ပရိသတ်တွေရင်ထဲမှာ စွဲထင်နေဆဲ ဇာတ်ကားတစ်ကားပါပဲ။