မျက်လှည့်ဆရာ ဟက်တာ ပီ ဗဲလန်တီဟာ မအောင်မြင်တဲ့ပြကွက်တွေနဲ့ နာမည်ပျက်နေတဲ့ မျက်လှည့်ဆရာဖြစ်ပြီး ဘဝတစ်ဆစ်ချိုးပြောင်းလဲစေမယ့် ပြကွက်ကိုရှာဖွေဖို့ ကြိုးစားနေသူပါ။ တစ်နေ့မှာတိရစ္ဆာန်အရောင်းဆိုင်တစ်ခုမှာ သူရှာဖွေနေတဲ့ ပြကွက်တစ်ခုကိုတွေ့သွားပါတယ်။အဲဒါကတော့ သီချင်းဆိုတတ်တဲ့ မိကျောင်းလေးတစ်ကောင်ပါ။ သူ့နာမည်ကို လိုင်းလို့ပေးလိုက်ပြီး ၂ယောက်တူတူသီချင်းတိုက်ကာ အောင်မြင်တဲ့ပြကွက်တစ်ခုကို ဖန်တီးနိုင်မယ်လို့ယုံကြည်ခဲ့ပေမယ့် ပွဲနေ့ကျမှ လိုင်းဆီက သီချင်းသံထွက်မလာလို့ပိုနာမည်ပျက်သွားသလို ဗဲလန်တီလည်း လိုင်းကိုသူ့အိမ်ထပ်ခိုးမှာစွန့်ပစ်သွားခဲ့ပါတယ်။ လိုင်းရဲ့ အဆိုပါရမီကို ဗဲလန်တီနဲ့ အိမ်ရှင် အသစ်တွေ ဘယ်လိုဖော်ထုတ်ပေးပြီး အောင်မြင်မှုကို ဘယ်လိုမျိုးရှာဖွေသွားမလဲဆိုတာ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါး ကြည့်နိုင်မယ့်Family comedy, musicalကားလေးပါ။