ကမ္ဘာပေါ်မှာ လူကြီးတွေကိုပဲကူးစက်ပြီး လူသားစားတဲ့သတ္တဝါတွေအဖြစ်ပြောင်းလဲစေတဲ့ဗိုင်းရပ်စ်ဆိုးကြီးပျံ့နှံ့သွားတဲ့အချိန်မှာ ကလေးတွေကို ရောဂါသယ်ဆောင်သူတွေအဖြစ်သတ်မှတ်ပြီး အကျဉ်းစခန်းတွေထဲထည့်ထားတဲ့ ကာလတစ်ခုကိုအခြေခံထားပါတယ်။ မိဘမဲ့မိန်းကလေးဖြစ်တဲ့မယ်ရီ ဟာ စခန်းကနေထွက်ပြေးလာရင်း ဂျက်ဖီ၊ဆက်ဒ် တို့လိုတခြားမိဘမဲ့ကလေးတစ်သိုက်နဲ့ဆုံမိပြီး နယ်စပ်ဘက်ကလွတ်မြောက်ရာလမ်းကိုရှာဖွေဖို့ ခရီးဆက်ကြပါတော့တယ်။လမ်းခရီးမှာအစားအစာခိုးယူရင်းဒဏ်ရာရလာတဲ့သူငယ်ချင်းအတွက် ဆေးကုဖို့ ကလာရာဆိုတဲ့အမျိုးသမီးရဲ့အိမ်မှာ ဝင်ရောက်ခိုလှုံမိရာကနေ ထင်မှတ်မထားတဲ့ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံလာရမလဲဆိုတာကတော့ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။