ဆူဇူကီ ရိုရှီ နဲ့ သူမရဲ့ခင်ပွန်း တာဒါဟီကို တိုဟာ ၅ နှစ်အရွယ် သမီးလေး "မေ" ကို ဆုံးရှုးလိုက်ရပြီးနောက် ကြီးမားတဲ့ဝမ်းနည်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ ရိုရှီတစ်ယောက်ဈေးဟောင်းတစ်ခုကနေ သမီးလေး မေနဲ့ တစ်ပုံစံတည်းတူတဲ့ အရုပ် တစ်ရုပ်ကို တွေ့ရှိခဲ့ပြီး သမီးလေးလိုပဲ ဂရုစိုက်ခဲ့ရာကနေ စိတ်ပိုင်းဆိုင်ရာ ပြန်လည်အားကောင်းလာခဲ့ပါတယ်။ဒါပေမယ့် ရိုရှီနဲ့ တာဒါဟီကိုတို သမီးလေး မိုင် ကို ထပ်မံရရှိချိန်မှာတော့ အဲဒီအရုပ်အပေါ် အာရုံစိုက်မှုတွေ လျော့နည်းသွားခဲ့ပါတယ်။ မိုင်လေး အသက် ၅ နှစ်အရွယ်ရောက်ပြီး အဲဒီအရုပ်နဲ့စတင်ကစားတဲ့အခါမှာတော့ မိသားစုထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ တစ်ခုပြီးတစ်ခု စတင်ဖြစ်ပေါ်လာပါတော့တယ်။ရိုရှီနဲ့ တာဒါဟီကိုတိုဟာ အရုပ်ကို စွန့်ပစ်ဖို နည်းအမျိုးမျိုး ကြိုးစားခဲ့ပေမယ့် အဲဒီအရုပ်က သူတိုဆီ အမြဲတမ်း ပြန်ရောက်လာခဲ့ပါတယ်။ဒီအရုပ်လေးထဲမှာ ဘယ်လို လျှိဝှက်ချက်တွေ ဖုံးကွယ်ထားလဲ? ဆိုတာကိုတော့ သည်းထိတ်ရင်ဖိုစွာနဲ့ပဲ အတူကြည့်လိုက်ရအောင်ပါ။