ဒီဇာတ်ကားကို Universal ကုမ္ပဏီက ရိုက်ကူးထားတာဖြစ်ပြီး Anthony Hopkins, Anne Hathawayတို့လို နာမည်ကြီးတဲ့ Castတွေအပြင် Succession series မှ Jeremy Strongနဲ့ The Black Phoneနဲ့ The Devil All The Timeမှာပါဝင်ခဲ့တဲ့ ကလေးသရုပ်ဆောင် Banks Repeta လည်း ပါဝင်ပါတယ်။ ဥရောပမှ အမေရိကန်ကိုရွေ့ပြောင်းလာတဲ့ မိသားစုအကြောင်း ဖြစ်ရပ်မှန် Dramaဇာတ်လမ်းဖြစ်ပြီး RT 75%နဲ့ Metacritic 75% ရထားပါတယ်။ Paul Graff ဆိုတဲ့ ကျောင်းသားလေးတစ်ယောက် ကျောင်းနဲ့ မိသားစုကြားမှာကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ လူငယ်ဘဝမှာ ဖြစ်တတ်တဲ့ ဆုံးဖြတ်ချက်အမှားတွေအကြောင်း အသားပေး ရိုက်ကူးထားတာဖြစ်ပါတယ်။