Appaloosa ကWestern Crime Drama အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ကောင်းဘွိုင်တွေကြီးစိုးတဲ့ အမေရိကန် Wild West ခေတ်ကို နောက်ခံထားပြီးဥပဒေမရှိသလို ဖြစ်နေတဲ့မြို့တစ်မြို့မှာတရားမျှတမှုကို ထိန်းသိမ်းဖို့ ကြိုးစားတဲ့ရဲမှူး နှစ်ယောက်အကြောင်းကို ပြထားတဲ့ကားပါ။ပစ်ခတ်အကြမ်းဖက်မှုထက်တာဝန်၊ မိတ်ဆွေမှုနဲ့ တရားမျှတမှုကိုအလေးထားတဲ့ ဇာတ်ကားမျိုးဖြစ်ပြီး ဥပဒေမရှိတဲ့ခေတ်မှာမှန်ကန်စွာရပ်တည်ဖို့ဘယ်လောက်ခက်ခဲလဲဆိုတာကိုမီးမောင်းထိုးပြသထားတဲ့Western ဇာတ်ကားတစ်ကားပါ။