The Man with No Return HD

The Man with No Return

Action Crime Drama HD 2025-12-26 2.5 85 Min

ဒီဇာတ်လမ်းကတော့ သုခဘုံလို့ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးပြန့်နှံ့နေတဲ့မြို့လေးတစ်မြို့ကနေအစပြုပါတယ်။ ဒီဆေးကြောင့်လူတွေကအိမ်ခြေရာမဲ့ဆင်းရဲဒုက္ခဘေးရောက်ကြရပါတယ်။ လျှို့ဝှက်အစောင့်တပ်ကအရာရှိလေးတစ်ယောက်ဖြစ်တဲ့ စုန့်ယင်ဟာ သူ့ရဲ့အစ်ကိုအရင်းလိုချစ်ရတဲ့ဖန်းထောကိုဆုံးရှုံးလိုက်ရပါတယ်။ ဖန်းထောမသေခင်မှာချန်ခဲ့တဲ့ တစ်ခုတည်းသောသဲလွန်စက အန်းယွင်ကိုသွားပြီး ယဲ့ချာကိုရှာပါ ဆိုတဲ့စကားတစ်ခွန်းပါပဲ။ဒါကြောင့် စုန့်ယင်က ဖန်းထောရဲ့ရုပ်အလောင်းကို သူ့ရဲ့ဇာတိမြို့အန်းယွင်ကိုပြန်သယ်သွားရင်း အဖြစ်မှန်ကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒီခရီးစဉ်ဟာအစကတည်းက အခက်အခဲတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ သူ့ရဲ့အထက်အရာရှိလဲဖြစ် မွေးစားအဖေလဲဖြစ်တဲ့ ဝူချန်းက သူ့ကိုမသွားဖို့သတိပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ စုန့်ယင်ဟာ အန်းယွင်မှာ အမှုကိုသွားစုံစမ်းဖို့ တာဝန်ပေးအပ်ခြင်းခံရပါတယ်။စုံစမ်းနေရင်းမှာပဲ ဒီသုခဘုံဆိုတဲ့မူးယစ်ဆေးရဲ့နောက်ကွယ်မှာ မထင်မှတ်ပဲ ရာထူးကြီး အာဏာကြီးတဲ့သူတွေရှိနေတယ်လို့ သိလိုက်ရတဲ့အခါမှာတော့ အရာရှိငယ်လေးစုန့်ယင်ဟာ ပြည်သူတွေကိုကာကွယ်ဖို့ အတွက် ဆုံးဖြတ်ချက်အကြီးကြီးချရမယ့်အချိန်ကိုရောက်လာပါတော့တယ်......