ဒီဇာတ်ကားလေးက Animation ပေမယ့် . ဇာတ်လမ်း ဇာတ်ကွက်ဟာ အတော်လေးကိုသဘောကျဖို့ကောင်းသလိုကျွန်တော်တို့ရဲ့ အချစ်တော်ကြီး ကွန်ဖူးပန်ဒါကိုတောင်သတိရသွားစေမယ့် ကားလေးပါ။ စစချင်းမှာပဲ ပန်ဒါနဲ့စဖွင့်ထားတာလေးကိုက အသက်ပါ။ ဖြစ်စဥ◌်ကတော့ သာယာတဲ့တောထဲမှာ နေထိုင်တဲ့ ဝက်ဝံကြီး မစ်စတာမစ် ဆိုတာရှိတယ်။ နောက်ပြီး သူလုံးဝကြည့်မရတဲ့ အော်စကာလို့ခေါ်တဲ့ တီထွင်ဥာဏ်စွမ်းရည်ရှိတဲ့ ယုန်တစ်ကောင်လည်းရှိတယ်။တီထွင်ပြီး ရေကာတာဆောက်လိုက်လို့ မစ်စတာမစ်ရဲ့အိမ်ဟာ တစ်ခါရေမြုပ်ပြီးပြီ။ နောက်ထပ် အာကာသပေါ်သွားမယ့် စွန့်စားမှုကြောင့်လည်း မစ်ရဲ့ ပျားအိမ်တွေထပ်ပြိုကွဲရပြန်ပြီ။ အဲ့ကိစ္စကြောင့် မစ်ဟာ ယုန်လေးအော်စကာကို ဒေါသထွက်နေတဲ့ အချိန်မှာပဲ . ကောင်းကင်ကနေ ကလေးတွေကို လိုက်လံပို့ဆောင်တဲ့ ဗျိုင်းတစ်ကောင်က ပန်ဒါပေါက်ကလေးကို ပန်ဒါကြီးတွေဆီပို့ရမယ့်အစား . ဝက်ဝံဖြစ်တဲ့ မစ် ဆီကိုမှာယွင်းပို့ဆောင်မိတာပါပဲ။ မစ်ဟာ အဲ့ပန်ဒါလေးရဲ့ နေရပ်အမှန်ကို ပြန်လည်ပို့ဆောင်ဖို့အတွက် ခရီးစထွက်တာကနေ The Big Trip ဆိုတဲ့ ခရီးစဥ◌်ကြီးစတင်တော့တာပါပဲ။