The Jade Goddess of the Supreme Emei FHD

The Jade Goddess of the Supreme Emei

Unknown FHD 2018-12-25 8.3 93 Min

ဝူမေဆရာသခင်မ၊ ကျိ့ရှန့်ဆရာတော်၊ ပိုင်မေရသေ့၊ လီပါးရှန်၊ ဖုန်တောက်တယ်နဲ့ မြောင်ရှန်တို့ဟာ ဆရာတစ်ဦးတည်းဆီမှဆင်းသက်လာပေမဲ့ သိုင်းပညာအပေါ် အမြင်မတူညီကြတဲ့အတွက် ကိုယ်စီဂိုဏ်းတွေ တည်ထောင်ခဲ့ကြပါတယ်ဝူမေဆရာသခင်မဟာ မတော်တဆ "စက်ရုပ်ဆရာ၏ အတတ်ပညာ" လို့ခေါ်တဲ့ တားမြစ်ထားတဲ့ လျှို့ဝှက်သိုင်းကျမ်းကို ရရှိခဲ့ပါတယ်အဲဒီပညာကို တတ်မြောက်သူဟာ ရှေး၊ ယခု၊ အသက်ရှင်သူ သို့မဟုတ် သေဆုံးပြီးသူအားလုံးကို အဝေးကနေ စက်ရုပ်လို ထိန်းချုပ်နိုင်ပါတယ်အဲဒီအချိန်မှာ ချန်လုန်မင်းကြီးရဲ့ တူတော် ယုံခွန်းဟာ သိုင်းလောကမှ နာမည်ကြီးသိုင်းပညာရှင်တွေကို သတ်ဖြတ်ပြီး သူတို့ရဲ့ သိုင်းပညာအစွမ်းတွေကို စုဆောင်းရန် ကြံစည်နေပါတယ်။ အဲဒါကြောင့် သူက စွန်းကျစ်ယိဆိုတဲ့ အမည်အတုနဲ့ အော်မေဂိုဏ်းကို တိတ်တဆိတ် ဝင်ရောက်ခဲ့ပါတယ်။တိုက်ဆိုင်စွာ အော်မေးဂိုဏ်းမှာ ကပ်ရောဂါဘေး ကျရောက်နေပြီး ဆေးပညာကျွမ်းကျင်တဲ့ ပိုင်ယွမ်မင်က အကူအညီပေးဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီမှာ သူက လီအာဟွမ်ဦးဆောင်တဲ့ အော်မေးဂိုဏ်းတပည့်တွေနဲ့အရှုပ်အထွေးတွေ ဖြစ်ပွားခဲ့ပြီး သိုင်းလောကရဲ့ ပဋိပက္ခတွေထဲမှာ မမျှော်လင့်ဘဲ ပါဝင်ပတ်သက်သွားခဲ့ပါတယ်ပိုင်ယွမ်မင်တစ်ယောက် အထင်လွဲခံရတာကို ပြန်လည်ဖြေရှင်းနိုင်မလား...... အော်မေဂိုဏ်းက ညီအစ်မတွေရော သွေးခွဲသူရဲ့ အန္တရာယ်ကို ကျော်ဖြတ်နိုင်မလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်