Sree Ayyappan FHD

Sree Ayyappan

Unknown FHD 2025-12-12 8.3 122 Min

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာစတင်ရုံတင်ခဲ့ပြီး  ၂၀၂၆ ခုနှစ်အထိ လူကြိုက်များနေဆဲဖြစ်တဲ့ဇာတ်ကား‌တစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ဒီဇာတ်ကားဟာ အက်ရှင် (Action) ဒရာမာ (Drama) နဲ့ ဘာသာရေးယုံကြည်မှု (Devotional) တို့ကို ပေါင်းစပ်ဖန်တီးထားတဲ့ ထူးခြားတဲ့ Devotional Thriller အမျိုးအစား ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အိန္ဒိယသားတွေ ဗြိတိသျှရဲ့ လက်အောက်ခံဖြစ်ခဲ့တဲ့ခေတ်ကာလ ကတည်းက ဆာဘရီမာလာမှာရှိတဲ့ အာယပ်ပါဘုရားကျောင်းထဲမှာ အဖိုးမဖြတ်နိုင်တဲ့ရတနာရှိမှန်းသတင်းကြားသွားခဲ့ပါတယ်။ ဗြိတိသျှတွေဟာ အဲဒီရတနာတွေကိုသိမ်းယူဖို့ ဘုရင်ခံချုပ်က စစ်တပ်ကိုစေလွှတ်လိုက်ပါတယ်။ရတနာတွေကိုယူဖို့ကြိုးစားနေတဲ့ ဗြိတိသျှစစ်တပ်ဟာ သူတို့ဘုရားကျောင်းကိုကာကွယ်စောင့်ရှောက်နေတဲ့ မျိုးနွယ်စုတွေရဲ့ကာကွယ်မှုကြောင့်ဆုတ်ခွာခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ ဒီနေ့ခေတ်ကိုရောက်ရှိလာခဲ့ပြီး အကြမ်းဖက်သမားတစ်စုကအာယပ်ပါ ဘုရားကျောင်းကိုဗုံးခွဲတိုက်ခိုက်ဖို့ ဘုရားဖူးဧည့်သည်တွေ  စုဝေးနေချိန်မှာ ကြီးမားတဲ့ ပေါက်ကွဲမှုတစ်ခု ဖန်တီးဖို့ သူတို့ ကြံစည်နေကြပါတယ်။ အချိန်က သိပ်မကျန်တော့ပါဘူး။ အိန္ဒိယစစ်တပ်နဲ့အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေကြားမှာ အမှားအယွင်းမခံတဲ့ တိုက်ပွဲတစ်ခု စတင်ပါတော့တယ်။ ဒါပေမဲ့ ရန်သူတွေ မသိလိုက်တာက သူတို့ ရင်ဆိုင်ရမှာက လူသားစစ်သည်တွေတင်မကဘဲ အာယပ်ပါနတ်မင်း ကိုယ်တိုင်ရဲ့ မမြင်နိုင်တဲ့ စောင့်ရှောက်မှုနဲ့ တန်ခိုးအာဏာတွေကိုပါ။ဘုရားကျောင်းတော်ကို အန္တရာယ်ပြုမယ့်သူတွေ ပေါ်ပေါက်လာတဲ့အခါ အမှန်တရားက အမြဲတမ်း အနိုင်ရတယ်ဆိုတာကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုခံစားကြပါဦး။