The Devil's Bath FHD

The Devil's Bath

Drama History Horror Mystery FHD 2024-03-08 6.631 121 Min

၁၇ ရာစု ၁၈ ရာစုကာလတွေမှာ စိတ်ဓာတ်ကျခြင်း ဝမ်းနည်းခြင်း အစရှိတဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာ နတ်ဆိုးရဲ့လွှမ်းမိုးမှု အဖြစ်ယူဆကြပြီးမိမိကိုယ်ကိုသတ်သေခြင်းဟာအပြစ်ကြီးတစ်ခုဖြစ်တဲ့အတွက် ထာ၀ရအပြစ်စီရင်ခြင်းကိုခံရမယ်ဆိုတဲ့ အစွဲရှိခဲ့ပါတယ်။ အဲ့ဒီတော့ ကိုယ့်ကိုယ်ကိုသတ်သေလိုသူတွေက လူသတ်မှုကိုတမင်ကျူးလွန်ပြီးနောက် တရားရုံးမှာပြစ်ဒဏ်စီရင်ခံပြီး ကွပ်မျက်ခံလေ့ရှိကြပါတယ်။ ဒီလုပ်ရပ်ကိုလုပ်တဲ့သူတွေက များသောအားဖြင့် အမျိုးသမီးတွေဖြစ်လေ့ရှိပြီး သူတို့သားကောင်တွေကလည်း ကလေးငယ်တွေသာ အဖြစ်များပါတယ်။ ဒီဇာတ်လမ်းကိုလည်း အဲ့ဒီလိုဖြစ်ရပ်တစ်ခုနဲ့စပြီးဖွင့်လှစ်ထားတာပါ။ဟော်ရာကားဆိုပေမယ့် တစ္ဆေသရဲတွေ၊ မကောင်းဆိုးဝါးတွေမပါပဲနဲ့လူသားတွေရဲ့အစွန်းရောက်ယုံကြည်ချက်တွေ၊အယူအဆမှားတွေ၊ လှုမှုပတ်ဝန်းကျင်ရဲ့တလွဲစံနှုန်းနဲ့ဖိအားပေးမှုတွေကိုသာဗီလိန်အဖြစ်ကောင်းကောင်းကြီး ပုံဖော်ပြသွားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဘာလင်ရုပ်ရှင်ပွဲတော်အပါအဝင် ဆုပေးပွဲအတော်များများမှာ အဓိကဆုကြီးတွေရရှိခဲ့ပြီး ၂၀၂၅ အော်စကာမှာလည်း Best International Feature Film အတွက် ဩစတြီးယားနိုင်ငံကိုယ်စားပြုရွေးချယ်ခံထားရတဲ့ အနုပညာလက်ရာမြောက်ကားကောင်းတစ်ကားပါ။