Anker (Nikolaj Lie Kaas) ဆိုတဲ့ လူတစ်ယောက်ဟာ ဘဏ်ဓားပြတိုက်မှုနဲ့ ထောင်ဒဏ် (၁၅) နှစ်ကျခံပြီးတဲ့နောက် ပြန်လည်လွတ်မြောက်လာပါတယ်။ သူ ထောင်မကျခင်တုန်းကဓားပြတိုက်လို့ရလာတဲ့ ပိုက်ဆံတွေကို သူ့ရဲ့အစ်ကိုဖြစ်သူ Manfred (Mads Mikkelsen) နဲ့အတူ ဝှက်ထားခဲ့ကြတာပါ။ပြဿနာက Anker ထောင်ကလွတ်လာချိန်မှာ အစ်ကိုဖြစ်သူ Manfred က စိတ်ကျန်းမာရေး ချို့ယွင်းနေပြီဖြစ်ပြီး သူဝှက်ထားတဲ့ ပိုက်ဆံနေရာကို လုံးဝမမှတ်မိတော့ပါဘူး။ Manfredက သူ့ကိုယ်သူ တခြားလူတစ်ယောက်လို့ ထင်နေပြီး ပုံမှန်စိတ်အခြေအနေမဟုတ်တော့တာကြောင့် Anker တစ်ယောက် အခက်တွေ့ရပါတော့တယ်။ပျောက်ဆုံးနေတဲ့ ပိုက်ဆံတွေကို ပြန်ရှာဖို့ကြိုးစားရင်း ညီအစ်ကိုနှစ်ယောက်ကြားက အလွဲလွဲအချော်ချော် အဖြစ်အပျက်တွေ၊ အတိတ်က စိတ်ဒဏ်ရာတွေနဲ့ မိသားစုလျှို့ဝှက်ချက်တွေတဖြည်းဖြည်း ပေါ်လာတဲ့အခါမှာတော့...