ပထမဇာတ်ကားအပြီး ၅ နှစ်ခန့်အကြာ အချိန်ကာလကို အခြေခံထားပါတယ်။ ကလာ့ခ် ကြယ်တံခွန် ဝင်တိုက်ပြီးနောက် ကမ္ဘာမြေပြင်တစ်ခုလုံး ပျက်စီးသွားခဲ့ပေမဲ့ John Garrity နဲ့မိသားစုကတော့ Greenland က မြေအောက်ကတုတ်ကျင်းထဲမှာ ဘေးကင်းကင်း နေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ တစ်နေ့မှာ သူတို့ခိုလှုံရာ မြေအောက်စခန်းလည်း ဆက်နေထိုင်ဖို့ မဖြစ်နိုင်တော့တော့ အခြေအနေမျိုး ကြုံတွေ့လာရတဲ့အတွက် မိသားစုလိုက် ပြင်ပကမ္ဘာကို ပြန်ထွက်လာရပါတော့တယ်။ ဥရောပတိုက်တစ်ခုလုံး ရေခဲပြင်တွေ၊ ပျက်စီးယိုယွင်းမှုများတွေနဲ့ ဖုံးလွှမ်းနေပေမဲ့သူတို့မိသားစုအနေနဲ့ နေထိုင်လို့ရနိုင်မဲ့ နေရာသစ်တစ်ခုကို ရှာဖွေဖို့ ခက်ခဲကြမ်းတမ်းတဲ့ စွန့်စားခန်း ခရီးတစ်ခုကို စတင်ရပါတော့တယ်။ သဘာဝဘေးအန္တရာယ်များအပြင် အသက်ရှင်ကျန်ရစ်သူ အချင်းချင်းကြားက ပဋိပက္ခများတွေနဲ့ ဓားပြတိုက်တာတွေကိုပါ ရင်ဆိုင်ကျော်ဖြတ်ရပုံတွေ ပါပါတယ်။ ကမ္ဘာပျက်ပြီးနောက်ပိုင်းမြင်ကွင်းတွေ ရေခဲပြင်တွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ တင်ဆက်ထားတာပါပဲ။