အလီဆာက သရုပ်ဆောင်ဝါသနာရှင်ကောင်မလေးတစ်ယောက်ဖြစ်ပြီး ပြဇာတ်တစ်ခုမှာလူရွေးခံလိုက်ရတဲ့အတွက် သူ့အစ်ကိုအန်တွန်နဲ့ဇနီးတို့အိမ်ကြီးကိုပြောင်းလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူ့အစ်ကိုလင်မယားမွေးစားထားတဲ့ တာနီးယားဆိုတဲ့ ကလေးမလေးကိုပါ တွေ့ဆုံခဲ့ရပါတယ်။ နောက်ပိုင်းမကြာခင်မှာသူသတိထားမိလာတာက တာနီးယားရဲ့ထူးဆန်းတဲ့အပြုအမူတွေနဲ့မကြာခဏတွေ့ရတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ဝိဉာဉ်အရိပ်သဏ္ဍာန်တစ်ခုပါပဲ။ဒါပေမယ့်လည်းအခြေအနေတွေက အဲ့ဒီမှာတင်ရပ်မနေပဲ သူတို့အိမ်ကလူတွေထိခိုက်သေဆုံးတဲ့အထိဖြစ်လာချိန်မှာတော့အလီဆာတစ်ယောက်ဒီဖြစ်ရပ်တွေရဲ့အဖြေကိုမဖြစ်မနေရှာဖွေဖို့လိုအပ်လာပါတော့တယ်။ ဒီဖြစ်ရပ်တွေရဲ့တရားခံဟာ တာနီးယားဟုတ်ရဲ့လား? သူ့ထက်ပိုစွမ်းအားကြီးတဲ့နောက်ကွယ်က ဗီလိန်တစ်ယောက်ယောက်ရှိနေဦးမလား? ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားအဖြေရှာကြပါ။