စုံထောက်မလေး မင်ဆိုယောင်းဟာ အလုပ်တာဝန်ခေတ္တရပ်ဆိုင်းခံရပြီးနောက် အလုပ်ပြန်ဝင်တဲ့အခါ ထူးဆန်းတဲ့လူသေမှုတွေကို စုံစမ်းစစ်ဆေးရဖို့ အကောင်းဖန်လာခဲ့ပြီး ..ထူးဆန်းစွာနဲ့ပဲ နစ်နာသူများရဲ့ သေဆုံးမှုတွေကလည်း အကြောင်းအရင်းတူညီနေကြပါတယ် .. နစ်နာသူတွေဟာ မသေဆုံးခင် အီးမေးလ်တစ်ခုရရှိခဲ့ကြတာပါပဲ ..စုံထောက်မင်ဟာ ဒီအမှုကို သူ့လက်အောက်ဝန်ထမ်းသစ် စုံထောက်အင်ဟျွန်းဂီနဲ့ စုံစမ်းရင်း ဘယ်လိုထူးဆန်းတဲ့ အကြောင်းအရာတွေ သိရှိလာရမလဲဆိုတာကို ..ရင်ခုန်စွာသာမက စိတ်ချောက်ချားဖွယ်ရာ ကြည့်ရှု ခံစားရမှာ ဖြစ်ပါတယ် ..