Nocebo FHD

Nocebo

Horror Thriller FHD 2022-11-03 4 96 Min

ကြည့်ရင်းနဲ့ ကိုယ်တိုင်စိတ်တ္တဇဖြစ်ချင်သလိုလို မရိုးမရွခံစားရမယ့် Mystery, Psychological thriller ဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိ‌တ် ဆက်ပေးချင်ပါတယ်။ ခရစ္စတင်းဟာ အလုပ်အရမ်းများတဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး ခင်ပွန်းသည်ဖီးလစ်၊ သမီးလေးဘော့ဘ်တို့နဲ့ အတူနေထိုင်ပါတယ်။ အားလုံးအဆင်ပြေနေသယောင်ရှိပေမဲ့ ခရစ္စတင်းဟာ စိတ်ကယောင် ခြောက်ခြားဖြစ်ပြီး အရမ်းမေ့တတ်တဲ့ ရောဂါဆန်းတစ်မျိုးရှိပါတယ်။ အဲဒီအထိက ပုံမှန်လိုပါပဲ။ ဒါပေမဲ့ သူတို့အိမ်ကို ဒိုင်ယာနာဆိုတဲ့ ဖိလစ်ပိုင်သူရောက်လာချိန်မှာ အဓိကဇာတ်လမ်းစပါတော့တယ်။