လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုသတ်သေတာပဲဖြစ်ဖြစ်၊ ဆိုးဝါးတဲ့ မတော်တဆမှုတစ်ခုကြောင့်ပဲဖြစ်ဖြစ်သေလုမျောပါးအခြေအနေအထိရောက်ပြီးမှ အသက်ပြန်ရှင်လာခဲ့ရင် အဲ့ဒီလူဟာတမလွန်ကိုတစ်ဖက်လှမ်းပြီးသွားပြီဖြစ်တဲ့အတွက် သေခြင်းနဲ့ရှင်ခြင်းနဲ့ကြားက စည်းက ပါးလျသွားပြီလို့အယူအဆရှိကြပါတယ်။ ဂျူလီယာဟာ မခံစားနိုင်တော့တဲ့စိတ်သောကတွေကြောင့် လက်မြှောက်အရှုံးပေးဖို့ တိုက်ပေါ်ကခုန်ချပြီး ကိုယ့်ကိုယ်ကိုသတ်သေခဲ့သူပါ။ဒါပေမယ့်လည်း ဆရာဝန်တွေပါ အံ့ဩရတဲ့အထိထူးခြားစွာ ပြန်အသက်ရှင်လာခဲ့ချိန်မှာတော့ အတိတ်ကအမှားတွေကိုပြင်ဆင်ရင်း စိတ်သစ်လူသစ်နဲ့ဘ၀ကိုရှေ့ဆက်ဖို့ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း သူသတိထားမိလာတာကသူဟာပတ်ဝန်းကျင်မှာရှိနေတဲ့ နာမ်လောကသားတွေကိုမြင်နိုင်လာရပြီဆိုတာပါပဲ။ အစပိုင်းမှာ အရိပ်အယောင်နဲ့အသံတွေပဲကြားရပေမယ့်တစ်စတစ်စနဲ့ အဲ့ဒီဝိဉာဉ်ဆိုးတွေက သူ့ကိုရန်မူတိုက်ခိုက်လာချိန်မှာတော့..။ ဖိလစ်ပိုင်ဟော်ရာတွေထဲမှာ အတော်ကြမ်းတဲ့ကားပါ။ သိဖူးမြင်ဖူးပြီးသား Concept နဲ့ဆိုပေမယ့် ဇာတ်လမ်းလှည့်ကွက်နဲ့ချပြသွားတဲ့ အယူအဆတွေလည်းမိုက်ပါတယ်။