အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ကားလို့ပြောရမယ်...ဇာတ်လမ်းက သမီးဖြစ်သူက အတန်းထဲမှာ ဖုန်းနှိပ်လို့ ဆရာဖြစ်သူက အမေကိုခေါ်တိုင်တာနဲ့စထားတယ်၂၀၀၀အစောပိုင်းနှစ်တွေဆိုတော့ ဖုန်းတွေလည်းပေါ်ခါစ ဈေးကြီးတဲ့အချိန်ဆိုတော့ အမေကလည်းသမီးကို ဒီဖုန်းဘယ်ကရတာလဲမေးပြီးဆူတယ်..သမီးဖြစ်သူကတော့ ဒီဖုန်းက အပျက်ကြီးလမ်းဘေးက ကောက်ရတာဒါပေမဲ့ သူ့အသက်ကို နေ့တိုင်းကယ်နေတာလို့ ပြောတယ်. အမေကတော့ ပေါက်ကရတွေဆိုပြီး မယုံဘူးတကယ်တော့ ဖုန်းက တစ်နေ့ကို တစ်ခါ ကောင်မလေးကို စကားလုံးတစ်လုံးဆီပြောတယ်. သူစကြားရတဲ့ စကားလုံး လက်မှတ် ဆိုရင်လည်း..သူစတိတ်ရှိုးလက်မှတ်ဝယ်ဖို့လုပ်နေတုန်းအတွေးဝင်ပြီး မဝယ်လိုက်ရဘူး..နောက်နေ့ အဲ့ဒီစတိတ်ရှိုးမှု သေနတ်ပစ်မှုဖြစ်သွားတယ်..ဒီလိုပဲ သူ့ကို နေ့စဉ်ကယ်တင်မယ့်စကားလုံးတွေပြောနေသလို သူ့ဘဝကလည်း ပိုပိုပြီးကံဆိုးလာတယ်လို့ပြောရမယ်..အမေဖြစ်သူကလည်း သူ့သမီးကိုအစတော့ မယုံပေမဲ့ နောက်တော့ သူကိုယ်တိုင်ကြုံလာရပြီးယုံသွားတဲ့နောက်..ဒီဖုန်းက ဘယ်ကလာတာလဲ ဘာကြောင့်ဒီကောင်မလေးကိုဆက်တိုက်ကယ်နေတာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရမယ့်ကားဖြစ်ပါတယ်